ဟိန္ဒူဘာသာဝင်များ၏မီးထွန်းပွဲတော်ကျင်းပသော ဒီပါဝလီနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ကျရောက်သည့် အမှောင်ကိုခွင်း၍ အလင်းဆောင်ပေးမည့် ထူးခြားသော ဟိန္ဒူ ဘာသာဝင်များ၏မီးထွန်းပွဲတော်နေ့တွင် တိုင်းရင်းသားပြည်သူများနှင့်တကွ ဟိန္ဒူဘာသာဝင်များ အားလုံး တော်လှန်နေ့သစ်တိုင်းတွင် ကျန်းမာဘေးကင်းကာ အမှန်တရားအတွက် မျှော်လင့်ချက် ဆီမီး ထွန်းညှိနိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါသည်။ ၂။ “ဒီပ” ဟူသည့်အဓိပ္ပာယ်သည် မီးအလင်းရောင်ဖြစ်သည်နှင့်အညီ အမှောင်ထုကို အလင်းရောင်က အနိုင်ရခြင်း၊ မတရားမှုအား တရားမျှတမှုက အနိုင်ရခြင်း၊ ကိုယ်ကျိုးအတ္တအား အသိဉာဏ်ပညာက အနိုင်ရခြင်း၊ ကောင်းကျိုးအဖြာဖြာရရှိခံစားစေခြင်းစသည့် ကိုယ်စားပြုမှုများ အား ဖော်ညွှန်း၍ ဆီမီးထွန်းပွဲတော်ပြုလုပ်ကာ ဒီပါဝလီနေ့ထူးနေ့မြတ်အား ကျင်းပကြပါသည်။ ၃။ နွေဦးတော်လှန်ရေး၏အရှိန်အဟုန် မြင့်တက်လာသည်နှင့်အမျှ ဟိန္ဒူဘာသာဝင်များ အနေဖြင့် အခြားဘာသာဝင်များနှင့်အတူ မိမိတို့၏တူညီသော ဘုံရည်မှန်းချက်ဖြစ်သည့် အာဏာရှင်စနစ်အား မြန်မာ့မြေပေါ်မှ အမြစ်ဖြတ်ဖယ်ရှား၍ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတွင် ကျရာကဏ္ဍမှ အတူတကွ တက်ကြွစွာ ပူးပေါင်းပါဝင်နေသည်မှာ လွန်စွာတန်ဖိုးကြီးမားသော အင်အားတစ်ရပ်ဖြစ်သည်ကို ဂုဏ်ပြုဖော်ပြလိုပါသည်။ ၄။ကမ္ဘာ့ဒေသအသီးသီးတွင် ရောက်ရှိနေထိုင်နေကြသော ဟိန္ဒူဘာသာဝင်များနှင့်တကွ မြန်မာတိုင်းရင်းသားပြည်သူများအားလုံးသည် အာဏာရှင်စနစ်အမှောင်တရားအား စုပေါင်းအား ဆီမီးထွန်းညှိ၍ တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အလင်းရောင်အား ဖော်ဆောင် နိုင်ပါစေကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အလေးအနက် ဆုတောင်းမေတ္တာပို့သလျက် ယခု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-10-24

Date of entry: 

2022-10-24

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

177.08 KB

Resource Type: 

text

Text quality: 

    • Good