ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) အနန့်ပါ၌ ဖြစ်ပွားသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုအပေါ် တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၂၃.၁၀.၂၀၂၂ ရက်နေ့၊ ည (၈:၃၀) အချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၉) အနန့်ပါ၌ ၂၅.၁၀.၂၀၂၂ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အထိမ်းအမှတ်ပွဲ အကြိုအခမ်းအနား တေးဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အနုပညာရှင်အချို့နှင့် ပြည်သူအများ အပြား ထိခိုက်သေဆုံးခဲ့ရသည်ဟု ကြားသိရပါသည်။ ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား (၁၀၀) ကျော်ကိုလည်း ဆေးကုသခွင့် မရအောင် ဂင်စီကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက အဝင်အထွက်များကို ပိတ်ပင် နေသောကြောင့် အသက်အန္တရာယ် ရင်ဆိုင်နေရကြောင်း ကြားသိရသည့်အတွက် တရားရေးဝန်ကြီးဌာန အနေဖြင့် များစွာဝမ်းနည်းကြေကွဲ ရပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်သည် ဂျီနီဗာသဘောတူစာချုပ်၏ ပြဋ္ဌာန်းချက် Common Article 3, Protocol II တွင် ပါဝင်သည့် “စစ်ရေးစစ်ရာကိစ္စများ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ပတ်သက်နေခြင်း မဟုတ်လျှင် အရပ်သားပြည်သူများသည် တိုက်ခိုက်ခံရခြင်းဘေးမှ အကာအကွယ် ရရှိစေရမည်” ဟူသော ပြဋ္ဌာန်းချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက အပြင်းအထန် ရှုတ်ချလိုက်သည်။ အထက်ပါ အကြမ်းဖက် လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံများအားလုံးသည် ခွင့်လွှတ်နိုင်စရာ အကြောင်းလုံးဝမရှိသည့် စစ်ရာဇဝတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ပြီး ထိုက်သင့်သည့် ပြစ်ဒဏ်အသီးသီးကို မလွဲမသွေ ကျခံစေရမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန..."

ရင်းမြစ်: 

Ministry of Justice - NUG

Date of Publication: 

2022-10-24

Date of entry: 

2022-10-24

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

133.41 KB

Resource Type: 

text

Text quality: 

    • Good