ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ ကျရောက်သော (၇၄) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် ကရင်နီပြည်သူလူထု တစ်ရပ်လုံးနှင့် ကရင်နီပြည်တပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိ၊ စစ်သည်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလျက် လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂။ ၁၉၄၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့တွင် ကရင်နီပြည်၏ လွတ်လပ်မှုကို ကာကွယ်ရန် ကရင်နီပြည်တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင် အဆက်ဆက်ကို ခုခံတော်လှန်ခဲ့သည်။
၃။ ကရင်နီပြည်တပ်မတော်သည် ကရင်နီတော်လှန်ရေး သမိုင်းတစ်လျှောက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျရာတာဝန်များကို မမှိတ်မသုန် ယုံကြည်သော စိတ်ဓာတ်ဖြင့် ကျေပြွန်စွာထမ်းရွက်ခဲ့ပြီး သမိုင်းဂုဏ်ရောင်ပြောင်သည့် တပ်မတော်သည်ဖြစ်သည်။
၄။ ကရင်နီပြည်နှင့် ကရင်နီပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန် အသက်၊ သွေး၊ ချွေးများစွာ စွန့်လွှတ်ပေးဆပ်ခဲ့သော ကရင်နီပြည်တပ်မတာ်နှင့်တကွ ကရင်နီပြည်၏ အာဇာနည် သူရဲကောင်းများ၊ ကရင်နီပြည်သူများအားလုံးကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ လေးနက်စွာဖြင့် အောက်မေ့ ဦးညွှတ်ဂုဏ်ပြုပါသည်။
၅။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ကရင်နီပြည်တပ်မတော်သည် နိုင်ငံရေး၊စစ်ရေး ရပ်တည်ချက်ခိုင်မာစွာဖြင့် ဘုံရန်သူဖြစ်သော စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက်ရှိသည်။
၆။ ကရင်နီပြည်တပ်မတော်သည် ကရင်နီပြည်သူများနှင့်တကွ ပြည်ထာင်စုဖွား ပြည်သူများအားလုံး မျှော်မှန်း တောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တရားမျှတရေး၊ တန်းတူရေးတို့ကို အပြည့်အဝအာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ် ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-08-17
Date of entry:
2022-08-17
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
277.28 KB
Resource Type:
text
Text quality:
- Good
