(၇၄) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ကျရောက်သော (၇၄) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့တွင် ကရင်နီပြည်သူများ နှင့်တကွ ပြည်သူလူထုတစ်ရပ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ် ပါသည်။ ၂။ ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် ကရင်နီပြည်၏ သီးခြားလွတ်လပ်မှုကို ကာကွယ်ရန်အတွက် ကရင်နီ အမျိုးသားများသည် ရရာလက်နက် စွဲကိုင်ပြီး အာဏာရှင် အဆက်ဆက်ကို ခုခံတော်လှန်ခဲ့ကြသည်။ ၃။ ကရင်နီပြည်၏အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုများအတွင်း စွန့်လွှတ်ပေးဆပ်ခဲ့သော ကရင်နီ ခေါင်းဆောင်အာဇာနည်များနှင့်တကွ ကရင်နီပြည်သူလူထုတစ်ရပ်လုံးကို လေးနက်စွာ ဦးညွှတ်အလေးပြု အပ်ပါသည်။ ၄။ ယနေ့အကြမ်းဖက်စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေသည့်ကာလတွင်လည်း ကရင်နီပြည်သူလူထုတစ်ရပ်လုံး သည် ရွပ်ရွပ်ချွံချွံ ဆင်နွှဲလျက်ရှိသည်။ ၅။ ကရင်နီပြည်သူလူထုနှင့်တကွ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး မျှော်မှန်းတောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲတည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-08-09

Date of entry: 

2022-08-09

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

142.56 KB

Resource Type: 

text

Text quality: 

    • Good