(၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ကျရောက်သော (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ကို လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြု အပ်ပါသည်။ ၂။ ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization)၊ ကချင်လွတ်လပ်ရေး တပ်မတော်(Kachin Independence Army) ကိုစတင်ထူထောင်ကာ ကချင်တော်လှန်ရေးကို ဦးဆောင်ခဲ့ကြသော ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသည့် KIO/KIA ဥက္ကဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC-Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် VCS-Lahtaw Zaw Tu နှင့် အထွေထွေ အတွင်းရေးမှူး Salang Kaba PungShwi Zau Seng တို့ကျဆုံးခဲ့ကြသည့်နေ့ကို ဂုဏ်ပြုလျက် ကချင်အာဇာနည်နေ့ဟု သတ်မှတ်ကျင်းပခဲ့ကြသည်။ ၃။ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အသက်သွေးချွေးများစွာ ရင်းနှီးပေးဆပ်ပြီး တွန်းလှန်တိုက်ပွဲဝင်ခဲ့ ကြသော ကချင်အာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ ကချင်ပြည်သူလူထုတစ်ရပ်လုံးအား လေးနက်စွာ အောက်မေ့ ဦးညွှတ်ဂုဏ်ပြုပါသည်။ ၄။ ယနေ့ကျရောက်သော (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့တွင် ကချင်အာဇာနည်ခေါင်းဆောင် ကြီးများ မျှော်မှန်းခဲ့သော ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရရှိရေး၊ တန်းတူရေး၊ တရားမျှတရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့ကို ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူတကွ လက်တွဲ၍ ကြိုးပမ်းအောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-08-10

Date of entry: 

2022-08-10

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

169.87 KB

Resource Type: 

text

Text quality: 

    • Good