Sub-title:
National Unity Government: Ministry of Foreign Affairs STATEMENT (15/2022) - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၁၅/၂၀၂၂)
ဖော်ပြချက်/အကြောင်းအရာ:
"1. The National Unity Government o f the Republic o f the Union o f Myanmar
welcomes the discussion on Myanmar at the 55th ASEAN Foreign
Ministers' Meeting in Cambodia on 3 August 2022, and the address of
Myanmar in the corresponding Joint Communique.
2. ASEAN Foreign Ministers expressed their deep disappointment at the illegal
military junta’s ' lack of commitment' in implementing the Five-Point
Consensus. Yet the Ministers are well aware that this ' limited progress' is in
fact a deliberate junta strategy by Min Aung Hlaing and his junta to sabotage
ASEAN's efforts - including those o f its Chair, H.E. Hun Sen and its Special
Envoy on Myanmar, H.E. Prak Sokhonn.
3. The National Unity Government is therefore deeply disappointed at the
Foreign Ministers' decision to delay concrete action on Myanmar until
ASEAN convenes for its annual Summit in November. This reprieve offers
the junta an atrocity window, during which it will continue to escalate its war
crimes, crimes against humanity and its acts o f terror. The decision also
follows ASEAN's public condemnation1 o f the junta's extrajudicial
execution of four political prisoners, martyred for their commitment to a free
and democratic Myanmar. While murder is a junta hallmark, these were the
first executions under the facade o f legal process in over three decades, an
issue that ASEAN in its own words said that it ' takes seriously'.
4. The Joint Communique reiterates ASEAN’s ' commitment to peace and
stability in the region'. This demands direct action against Min Aung Hlaing
and the illegal military junta, which comprise a clear threat to peace and
security. The ASEAN Summit must therefore include the National Unity
Government, as the legitimate representative of the Myanmar people, to help
solve the multiple junta-induced crises wreaking havoc on the region.
ASEAN must at the same time listen to Myanmar’s Ethnic Resistance
Organizations and to the voices of the Myanmar people, while taking active
steps to sideline die junta in earnest.
5. ASEAN continues to have a dedicated partner in the National Unity
Government. Consistent with the Joint Communique's call, the National
Unity Government will meet with Special Envoy Sokhonn at the earliest
opportunity.....ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
=======================
၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရလဒ်များအပေါ် ထုတ်ပြန် ကြေညာချက်
ကြေညာချက်အမှတ် (၁၅/၂၀၂၂)
ဩဂုတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်
=======================
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းနှင့် အာဆီယံပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအား ထည့်သွင်းခဲ့ခြင်းအပေါ် ကြိုဆိုပါသည်။
၂။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် 'ကတိကဝတ်မရှိခြင်း' အပေါ် အလွန်စိတ်ပျက် မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ သို့သော်လည်း ယခုကဲ့သို့ 'ကန့်သတ်ခံထားရသော အခြေအနေ' သည် လက်တွေ့တွင် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက်စစ်အုပ်စုတို့၏ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဖျက်ဆီးရန် တမင်ရည်ရွယ်သော နည်းဗျူဟာတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ မစ္စတာ H.E. Hun Sen၊ အာဆီယံ၏ အထူးသံတမန် H.E. Prak Sokhonn အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ကောင်းစွာ သဘောပေါက် မည်ဟု ယုံကြည်ပါသည်။
၃။ ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ခိုင်မာသော အရေးယူဆောင်ရွက်မှုများချမှတ်နိုင်ရန်အတွက် အာဆီယံ၏ ဆုံးဖြတ်ချက်မချမီ အကြမ်းဖက်စစ်အုပ်စု၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင် အထည်ဖော်ခြင်းနှင့်ပတ်သက်၍ တိုးတက်မှုကို ပြန်လည်အကဲဖြတ်ရန် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးအထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ချက်အပေါ် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိပါသည်။ ယင်းဆုံးဖြတ်ချက်သည် အကြမ်းဖက် စစ်အာဏာရှင်တို့အား ၎င်းတို့၏တရားမ၀င်အုပ်ချုပ်မှုကို စဉ်ဆက်မပြတ် ငြင်းပယ်တွန်းလှန် လျက်ရှိသည့် နိုင်ငံရေးအတိုက်အခံများနှင့် မြန်မာပြည်သူများအပေါ် စစ်ရာဇ၀တ်မှုများ၊ လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ၎င်းတို့၏ အကြမ်းဖက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်နိုင်စေရန် ခွင့်ပြုပေးလိုက်ခြင်းပင်ဖြစ်သည်။ ထို့ပြင် ယခုဆုံးဖြတ်ချက်သည် လွတ်လပ်ပြီး ဒီမိုကရေစီထွန်းကားသော အနာဂတ်မြန်မာနိုင်ငံအတွက် ရည်ရွယ်၍ ၎င်းတို့၏ အသက်ပင် ပဓာနမထားဘဲ စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် နိုင်ငံရေး အကျဉ်းသားလေးဦးတို့အား အကြမ်းဖက်စစ်အုပ်စုက မတရားကွပ်မျက်ခဲ့ခြင်းအပေါ် အာဆီယံက လူသိရှင်ကြား ရှုတ်ချပြီး သည့်နောက် ထွက်ပေါ်လာခြင်းလည်းဖြစ်ပါသည်။ အကြမ်းဖက်လူသတ်မှုသည် အကြမ်းဖက်စစ် အုပ်စု၏ တံဆိပ်ခပ်နှိပ်ထားသည့် အမှတ်အသားတစ်ခုပင်ဖြစ်သော်လည်း ၎င်းတို့သည် ဆယ်စုနှစ် သုံးခုကျော်အတွင်း တရားရေးလုပ်ငန်းစဉ်ဆိုသည့် မှန်ကန်တရားမျှတခြင်းမရှိသည့် မျက်နှာစာ အောက်တွင် ပထမဆုံး ကွပ်မျက်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအနေဖြင့် ၎င်း၏ကိုယ်ပိုင်စကားလုံးဖြင့် 'အလေးအနက်ထားရမည်' ဟု ထုတ်ဖော်ပြောကြားခဲ့သည့်ကိစ္စလည်းဖြစ်သည်။
၄။ အာဆီယံ၏ ပူးတွဲကြေညာချက်တွင် အာဆီယံ၏ 'ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးဆိုင်ရာ ကတိကဝတ်' ကို ထပ်လောင်း ကတိပြုသည်ဟု ဖော်ပြထားပါသည်။ အဆိုပါဖော်ပြ ချက်အရ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထင်ရှားပြတ်သားစွာ ခြိမ်းခြောက်လျက်ရှိသည့် တရားမဝင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက်စစ်အုပ်စုအား တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ တိုက်ရိုက် အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် မြန်မာပြည်သူလူထု၏တရားဝင်အစိုးရအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံထားရသည့် အမျိုးသား ညီညွတ်ရေးအစိုးရသည် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ကာ အကြမ်းဖက် စစ်အာဏာရှင်များ၏ လှုံ့ဆော်လျက်ရှိသည့် ဒေသတွင်း ယိုယွင်းပျက်စီးနေသော အကျပ်အတည်း အခြေအနေများကို ဖြေရှင်းရာတွင် ပါဝင်ကူညီပေးရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အာဆီယံသည် မြန်မာ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် မြန်မာလူထု၏ အသံများကို နားထောင်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားရန် ထင်ရှားပြတ်သားသည့် ခြေလှမ်းများကို လျှောက်လှမ်းရမည်ဖြစ်ပါသည်။
၅။ အာဆီယံသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးပါသည့် မိတ်ဖက်အဖြစ် ဆက်လက် တည်ရှိနေပြီး အာဆီယံပူးတွဲကြေညာချက်၏ တောင်းဆိုချက်နှင့်အညီ အမျိုးသားညီညွတ်ရေး အစိုးရသည် အာဆီယံ၏ အထူးသံတမန် H.E. Prak Sokhonn နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်မည်ဟု ယုံကြည်ပါသည်။..."
ရင်းမြစ်:
Ministry of Foreign Affairs - Myanmar - NUG
Date of Publication:
2022-08-09
Date of entry:
2022-08-09
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar, ASEAN
Language:
English, Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf pdf
အရွယ်အစား:
94.73 KB 210.09 KB
Resource Type:
text
Text quality:
- Good
