ဖော်ပြချက်/အကြောင်းအရာ:
"၁။ ကရင်နီတိုင်းရင်းသားများအနေဖြင့် ၁၉၄၈ ခုနှစ်မှစတင်၍ အာဏာရှင်အဆက်ဆက်၏ မတရားဖိနှိပ်အုပ်ချုပ်မှုများကို စုစည်းညီညွတ်သည့်စိတ်ဓာတ်အင်အားများကို အခြေတည်လျက် ခုခံတော်လှန်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။ ယခုကာလတွင် လည်း ဘေးဒုက္ခများစွာရင်ဆိုင်ကြုံတွေ့နေရသည့် ကရင်နီပြည်ထောင်စု တိုင်းရင်းသားပြည်သူ များနှင့် ကရင်နီဒေသသို့ရောက်ရှိနေကြသော တော်လှန်ရေးအင်အားစုများအားလုံး ဘေးအမျိုး မျိုးမှကင်းဝေးပြီး ရည်မှန်းချက်ပန်းတိုင်ဆီသို့ အမြန်လျှောက်လှမ်းနိုင်ပါစေကြောင်း ဤနေ့ထူး နေ့မြတ်အခါသမယတွင် အလေးအနက်ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၂။ ပြည်ထောင်စုနှင့် ကရင်နီလူထုအတွက်လွတ်လပ်မှု၊ တန်းတူညီမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လူမျိုးစုအခွင့်အရေးတို့အတွက် ခေတ်အဆက်ဆက်၌တိုက်ပွဲဝင်ရင်း အသက်စွန့်ကာပေးဆပ်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသားခေါင်းဆောင်များနှင့် သူရဲကောင်း အပေါင်းအား လေးစားစွာဖြင့်ဦးညွှတ်အလေးပြုအပ်ပါသည်။ စစ်အာဏာရှင်များအား အမြစ်ပြတ် တွန်းလှန်နေသည့် ယခုနွေဦးတော်လှန်ရေးတွင်လည်း ပြည်ထောင်စုတိုင်းရင်းသား အင်အားစု များနှင့်အတူ နိုင်ငံရေးနှင့်ခုခံတော်လှန်ရေးတို့တွင် ဦးဆောင်ကဏ္ဍမှ ပြတ်သားစွာပါဝင်နေသည့် အတွက် များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် ဂုဏ်ယူလေးစားပါကြောင်း ဖော်ပြအပ်ပါသည်။
၃။ အာဏာရှင်စနစ်သည် လူ့ဘောင်အတွက်အန္တရာယ်အကြီးဆုံး အဆိပ်အတောက်တစ်ခု ဖြစ်ကြောင်း မြန်မာ့သမိုင်းတွင်အထင်အရှားတွေ့မြင် ခံစားခဲ့ကြရပြီးဖြစ်သည့်အတွက် စစ်အာဏာရှင်များအား တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပြင်းပြသောစိတ်ဓာတ်၊ ခိုင်မာသော စုစည်းမှုအင်အားတို့ဖြင့် အပြီးတိုင်ဖျက်ဆီးပစ်ရန် ယခုအချိန်သည်အချိန်ကောင်းဖြစ်ပါသည်။ သတ္တိရှိခြင်း၊ ဇွဲကြီးခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အမျှော်အမြင်ကြီးခြင်းတို့ဖြင့် စစ်အာဏာရှင်များ ကိုအမြစ်ပြတ်ချေမှုန်းကာ မိမိတို့အားလုံး၏ တောက်ပသောအနာဂတ်ကို အတူတကွဖန်တီး နိုင်လိမ့်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း တော်လှန်ရေးကြီး အမြန်ဆုံးအပြီးသတ်အောင်မြင်ရေးနှင့် တိုင်းရင်းသားလူမျိုးစုအားလုံး အတူယှဉ်တွဲနေထိုင်နိုင် မည့်တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံးတည်ဆောက်သွားနိုင် ရေးအတွက် ကရင်နီတိုင်းရင်းသားများအပါအဝင် ညီနောင်တိုင်းရင်းသား တော်လှန်ရေးအင်အား စုများနှင့်အတူ ခိုင်မြဲစွာရပ်တည်လျက် လက်တွဲကြိုးပမ်းသွားပါမည်ဖြစ်ကြောင်း ကတိကဝတ် ပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပေးပို့အပ်ပါ သည်။..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw
Date of Publication:
2022-08-09
Date of entry:
2022-08-09
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
276.26 KB
Resource Type:
text
Text quality:
- Good
