National Unity Government: Ministry of Education Announcement No.12/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၁၂/၂၀၂၂) ထုတ်ပြန်

Sub-title: 

Kaung For You ကျောင်း၏ ဖြစ်စဥ်နှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ အသိပေးတင်ပြခြင်း

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ၂၀၂၂ ဇွန်လ အတွင်းမှစ၍ ဖြစ်ပေါ်နေသော ပုဂ္ဂလိက Online ပညာသင်ကျောင်းတစ်ခု ဖြစ်သည့် Kaung For You ကျောင်းတွင် ကျောင်းအပ်နှံရန် တောင်းခံထားသော ကျောင်းသား၊ ကျောင်းသူ များနှင့် သင်ကြားပေးနေသော ဆရာ၊ ဆရာမများ၊ သင်ကြားရန် လျှောက်ထားသော ဆရာ၊ ဆရာမများ၏ အချက်အလက်များ ပေါက်ကြားခဲ့သည်ဟု သိခဲ့ရသည်။ ၂။ ပညာရေးဝန်ကြီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးတို့ကို ဦးစားပေး၍ ဇွန်လ (၂၂) ရက်နေ့တွင် Kaung for You ကျောင်းမှ တာဝန်ရှိသူများ အား စတင်ခေါ်ယူကာ ဆွေးနွေးမေးမြန်းခဲ့ပါသည်။ ထိုဖြစ်စဥ်သည် ဆွေးနွေးရန် မလုံလောက်ဘဲ စစ်ဆေးရမည်ဟု ယူဆသောကြောင့် ဝန်ကြီးဌာနအတွင်း “စုံစမ်းစစ်ဆေးရေးနှင့် အကြံပေးရေး ကော်မတီ” တစ်ရပ်ဖွဲ့စည်းကာ စုံစမ်းမှုများစတင်ပြုလုပ်၍ စစ်ဆေးရန် ပြင်ဆင်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်နေစဥ် ဇူလိုင်လ (၁၃) ရက် နံနက်တွင် Kaung For You ကျောင်းတည်ထောင်သူ ဆရာဦးကောင်းသိုက်စိုး အဖမ်းခံရသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပါသည်။ ထို သတင်း ထွက်ပေါ်ခဲ့ပြီးနောက်တွင် အကြမ်းဖက်စစ်အုပ်စုမှ သတင်းများအား နောက်ယောင်ခံ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖမ်းဆီးမှုများ ကျူးလွန်နေသည်။ ၃။ ဇူလိုင်လ (၁၆) ရက်နေ့ ညအချိန်တွင် စစ်ကောင်စီသတင်းဌာနမှ ဆရာဦးကောင်းသိုက်စိုး အပါ အဝင် CDM ဆရာ (၃) ဦးကို မတရားဖမ်းဆီးသည့်အပြင် ဆရာ့ပုံရိပ်သိက္ခာများ ကျဆင်းစေရန် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး၍ ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းကဲ့သို့ ယုံကြည်ဖွယ်ရာ မရှိသော လုပ်ကြံဖန်တီးထုတ်ပြန်ခဲ့သည့် သတင်းမှားများသည် စစ်ကောင်စီ၏လုပ်ရိုးလုပ်စဉ် များသာ ဖြစ်သည်။ ၄။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများအား မတရားဖမ်းဆီးခြင်းသည် ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကလေးသူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကြားကာလပညာရေး ဖော်ဆောင်နေသော ကျောင်းများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၅။ ထိုသို့ပြုလုပ်သော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် ကျောင်းသား၊ ကျောင်းသူများ ၏ ပညာရေးအခွင့်အရေးများအား ဖော်ပြထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာချက်စာတမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ကလေး သူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နှင့် ပြည်တွင်းဥပဒေဖြစ်သည့် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် များအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်း ဖြစ်သည်။ ၆။ ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ Kaung For You ကျောင်း အချက်အလက်ပေါက်ကြားမှုကြောင့် ဖြစ်ပေါ်လာသော ကျောင်းအပ်နှံထားသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ အဖမ်းခံရသော ဆရာ၊ ဆရာမများနှင့်ပါတ်သက်၍ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ခြိမ်းခြောက်ငွေညှစ် တောင်းခံခြင်း ခံခဲ့ရသော ပြည်သူများ အနေဖြင့် တိုင်ကြားနိုင်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် (Complaint Mechanism) hotline channel များကိုလည်း ပြန်လည်အသိပေးသွားမည်ဖြစ်သည်။ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု အစီအစဉ်များ ကိုလည်း (Counseling Service) လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ၇။ Kaung For You ကျောင်း၏ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူကာ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေလိမ်လည်ခြင်းများ ပြုလုပ်နေမှုများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများအနေဖြင့် စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ ၈။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာနသည် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးကို အစဥ်အမြဲအလေးထား စဥ်းစားပါသောကြောင့် ကြားကာလပညာရေး ဖော်ဆောင်နေသာ ကျောင်းများတွင် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွား စေရန် လမ်းညွှန်အကြံပြုချက်များ၊ ပံ့ပိုးကူညီမှုများနှင့်အတူ ပညာရေးလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။..."

ရင်းမြစ်: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2022-07-17

Date of entry: 

2022-07-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

316.86 KB

Resource Type: 

text

Text quality: 

    • Good