National Unity Government: President Office Announcement No.14/ 2022 - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ကြေငြာချက် အမှတ် (၁၄/၂၀၂၂)

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး H.E. Michelle Bachelet တို့ကြား အွန်လိုင်းတွေ့ဆုံပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မီရှဲလ် ဘာရှလေး Michelle Bachelet နှင့် အွန်လိုင်းအစည်းအဝေးကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံ ပြည်သူလူထု၏ ဒီမိုကရေစီ မျှော်မှန်းချက်များနှင့် လူ့အခွင့်အရေး များအတွက် မဟာမင်းကြီးမှ ဆက်လက်ထားရှိသော ကတိကဝတ်အတွက် မဟာမင်းကြီးအား ကျေးဇူးဥပကာရ တင်ရှိကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံ ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်း‌ပေးရန် ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ ထမ်းဆောင်ရန် ကတိကဝတ်ပြုခဲ့ပြီး ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ နည်းပညာ အကူအညီများ ပံ့ပိုးပေးရန်လည်း တောင်းဆိုခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ မဟာမင်းကြီးရုံး၏ လုပ်ပိုင်ခွင့် တာဝန်များအတွက် မြန်မာနိုင်ငံမှ ဆက်လက် ထောက်ခံကြောင်း ထပ်လောင်း အသိပေးခဲ့ပါသည်။..."

ရင်းမြစ်: 

President Office, National Unity Government

Date of Publication: 

2022-07-14

Date of entry: 

2022-07-14

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

219.23 KB

Resource Type: 

text

Text quality: 

    • Good