Sub-title:
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် မွန်ဂိုလီးယားသမ္မတဟောင်းတို့ကြား အွန်လိုင်း တွေ့ဆုံပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်
ဖော်ပြချက်/အကြောင်းအရာ:
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီ သမ္မတ ဒူဝါလရှီးလ မှ မွန်ဂိုလီးယားသမ္မတဟောင်း H.E. Tsakhiagiin Elbegdorj အား အွန်လိုင်းတွေ့ဆုံမှုဖြင့် ကြိုဆိုတွေ့ဆုံခဲ့ပါသည်။
သမ္မတဟောင်း Elbegdorj သည် မြန်မာလူမျိုးများ၏ ကာလရှည်ကြာ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အခိုင်အမာ ထောက်ခံသူဖြစ်သည်။ မွန်ဂိုလီးယား နိုင်ငံ၏ သမ္မတ တာဝန်ထမ်းဆောင်ပြီးနောက် ၎င်းသည် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မြှင့်တင်ရန်အတွက် Club de Madrid၊ International Democrat Union ကဲ့သို့သော အဖွဲ့အစည်းများတွင် နိုင်ငံ့ခေါင်းဆောင်ဟောင်းများနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင် လျက်ရှိသည်။
ယာယီသမ္မတ ဒူဝါလရှီးလမှ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ပြည်သူများ၏ ကြိုးပမ်းနေမှုများကို ထပ်မံမျှဝေခဲ့ပါသည်။ ယာယီသမ္မတ အနေဖြင့်လည်း မြန်မာပြည်သူပြည်သားများ၏ လွတ်လပ်ရေး နှင့် ဒီမိုကရေစီရရှိနိုင်ရေး ထောက်ခံအားပေးမှုအတွက် သမ္မတ Elbegdorj အား ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်။
သမ္မတဟောင်း Elbegdorj က ၎င်း၏ ကတိကဝတ်ပြုမှု၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံသားများအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေးနေမည်ဖြစ်ကြောင်း ယာယီသမ္မတအား အခိုင်အမာ ပြောကြားခဲ့သည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-07-13
Date of entry:
2022-07-13
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
237.14 KB
Resource Type:
text
Text quality:
- Good
