မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ - အကြောင်းအရာ အချက်အလက် အချုပ် (၂၀၂၂ ခုနှစ် ဇန်နဝါရီ - မေ)

ဖော်ပြချက်/အကြောင်းအရာ: 

"အဓိကဖော်ပြချက်များ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာချက်များအရ ၂၀၂၂ ခုနှစ် ပထမငါးလတာကာလအတွင်း တစ်နိုင်ငံလုံးတွင် ထိခိုက်ခံစားရသူအရေအတွက် (၁၆၂ ဦး) ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့သည့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်း၏ (၅၇) ရာခိုင်နှုန်း ရှိခဲ့ပါသည် (၂၈၄ ဦး အစီအရင်ခံခဲ့)။ ဒေသအလိုက်အနေဖြင့် ရှမ်းပြည်နယ်တွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ (၅၃) ရာခိုင်နှုန်းရှိခဲ့ပြီး၊ ကချင်တွင် (၁၀) ရာခိုင်နှုန်း၊ စစ်ကိုင်းတွင် (၉) ရာခိုင်နှုန်း၊ ရခိုင်တွင် (၇) ရာခိုင်နှုန်းနှင့် ၊ မန္တလေးနှင့် ကရင်တို့တွင် (၅) ရာခိုင်နှုန်းစီတို့ အသီးသီးရှိကြပါသည်။ အခြားဒေသများ (ပဲခူး၊ ချင်း၊ ကယား၊ မွန်နှင့် တနင်္သာရီ) တွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ (၁၁) ရာခိုင်နှုန်းရှိပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် ထိခိုက်ခံစားရသူအရေအတွက်၏ (၃၅) ရာခိုင်နှုန်းမှာ ကလေးများဖြစ်ကြပါသည်။ ဤအစီရင်ခံစာတွင် နိုင်ငံတစ်ဝှမ်းရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသောပေါက်ကွဲမှုများနှင့် ထိခိုက်ခံစားရသူများ ပါဝင်ခြင်းမရှိကြောင်း သတိပြုစေလိုပါသည်။..."

ရင်းမြစ်: 

United Nations Children's Fund

Date of Publication: 

2022-07-01

Date of entry: 

2022-07-07

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

207.71 KB

Resource Type: 

text

Text quality: 

    • Good