အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်အမိန့်ချမှတ်ခြင်းအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တရားမဝင် သော တရားရုံးများက (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ(ခ)ကိုကျော်မင်းယုနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်များနှင့် သေဒဏ်အတည်ပြုခြင်းများသည် နိုင်ငံတော်၏ တည်ဆဲဥပဒေ များကိုသာမက နိုင်ငံတကာသဘောတူစာချုပ်များနှင့် ဥပဒေများကို လေးစားလိုက်နာခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဆောင်ရွက်သည့် လူမဆန်သောလုပ်ရပ်အဖြစ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ရှုမြင်သတ်မှတ်သည်။ ၂။ တရားမဝင်အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ ဥပဒေမဲ့ စီရင်ချက်ချမှတ်မှုများနှင့် ပြစ်မှုပြစ်ဒဏ်များအားလုံးသည် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို မျက်ကွယ်ပြီး ၎င်းတို့၏ ကိုယ်ကျိုးအတွက်သာ ရှေးရှု၍ ပြည်သူအပေါ် ခြိမ်းခြောက်အကျပ်ကိုင်သည့် နည်းလမ်းကို အသုံးပြုလျက် အကြောက်တရားရိုက်သွင်း အုပ်ချုပ်နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၃။ ပြည်သူများက လုံးဝ လက်မခံဆန့်ကျင်လျက်ရှိသော တရားမဝင် အာဏာသိမ်းစစ် ကောင်စီ၏ ဥပဒေမဲ့ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းမှု၊ သတ်ဖြတ်မှု၊ စစ်ဆေးစီရင်မှုနှင့် သေဒဏ်အပြစ်ပေးမှုများ အားလုံးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ ယင်းကိစ္စရပ်များတွင် နည်းမျိုးစုံဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူအားလုံးသည်လည်း ရာဇဝတ်မှုမြောက်သော ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သဖြင့် တရားဥပဒေအရ ထိရောက်စွာ အရေးယူအပြစ်ပေးခြင်းများကို ခံကြရမည်ဖြစ် ကြောင်းနှင့် ယင်းသို့ အပြစ်ပေးအရေးယူနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-06-07

Date of entry: 

2022-06-07

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

223.65 KB

Resource Type: 

text

Text quality: 

    • Good