ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၁၉၆၂ခုနှစ် ဗိုလ်နေဝင်းဦးဆောင်သော အာဏာသိမ်းစစ်တပ်၏ ပြည်သူလူထုအား အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်မှု များကို ခုခံကာကွယ် တွန်းလှန်ရန် ၁၉၆၄ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် ကယန်းပြည်သစ်ပါတီ (KNLP)ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့သည်။
၂။ ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးကို နှစ် (၃၀) တိုင်တိုင်ဆင်နွှဲခဲ့ပြီး ၁၉၉၄ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် အပစ်အခတ်ရပ်စဲ၍ ဒေသဖွံ့ဖြိုးရေး၊ သေနတ်သံမထွက်သည့် တော်လှန်ရေးကို ဆင်နွှဲလာခဲ့သည်မှာ ယနေ့ ၂၀၂၂ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် (၅၈) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
၃။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒနှင့်ဆန့်ကျင်လျက် မင်းအောင်လှိုင် ဦးဆောင်သောစစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့သည်။အာဏာသိမ်းမှုကို လက်မခံပဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော် သည့် ပြည်သူလူထုအား စစ်တပ်မှ ရက်စက်စွာ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုများကြောင့် ကယန်းအမျိုးသား များ၏ လက်နက်ကိုင် ခုခံတွန်းလှန်မှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
၄။ ခေတ်အဆက်ဆက် ဆင်နွှဲလာခဲ့သော စစ်အာဏာရှင်တော်လှန်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီအရေးတို့တွင် ကယန်းအမျိုးသားများ၏ အမြော်အမြင်ကြီးစွာ မမှိတ်မသုန် ပါဝင်အားထုတ်မှုများသည် လေးစားအသိအမှတ်ပြု ဖွယ်ရာပင် ဖြစ်သည်။
၅။ ယနေေ့ကျရောက်သော (၅၈) နှစ်မြောက် ကယန်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေးနေ့မှ စ၍ ကယန်း ပြည်သူပြည်သားများ လုံ့လထုတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော စစ်အာဏာရှင်အပါအဝင် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတရေးတို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွလက်တွဲဆောင်ရွက် အောင်မြင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-06-04
Date of entry:
2022-06-04
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
169.1 KB
Resource Type:
text
