အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းအပေါ် တရားမဝင်ကြောင်း ထုတ်ပြန်ကြေညာခြင်း

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် လူပုဂ္ဂိုလ် (၂) ဦး အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ် အတည်ပြုခြင်းများနှင့် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ တရားရုံးများက ချမှတ်သည့် ပြစ်ဒဏ်များ အားလုံးတို့သည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် ယခုကဲ့သို့ ဥပဒေမဲ့ အညိုးအတေး အာဃာတများဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ တဖက်သတ် လုပ်ဆောင်ခြင်းနှင့် သေဒဏ်အား အတည်ပြုလုပ်ဆောင်ခြင်းသည် ကြီးလေးသောပြစ်မှုကြီးကို ကျူးလွန်ခြင်း ဖြစ်သည်။ ၂။ အကြမ်းဖက် စစ်ကောင်စီ အလိုကျ အမှုများကို စစ်ဆေးစီရင်နေသည့် တရားရုံးများနှင့် ယင်းတရားရုံးများက ချမှတ်သည့် စီရင်ချက်၊ အမိန့်များသည် တရားဝင်မှု လုံးဝ မရှိပါ။ ထိုသို့ တရားဝင်မှု မရှိသည့် စီရင်ချက်၊ အမိန့်များကို အတည်ပြုဆောင်ရွက်ကြသည့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့် ဥပဒေမဲ့ ဆောင်ရွက်ချက်များကို မသိကျိုးကျွန်ပြုခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အလိုကျ လိုက်ပါဆောင်ရွက်နေခြင်းများသည် ရာဇဝတ်မကင်းသော ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပြည်သူလူထုနှင့် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို မလွဲမသွေ ခံကြရမည် ဖြစ်သည်။ ၃။ အကြမ်းဖက် စစ်ကောင်စီ အလိုကျ အမှုများကို စစ်ဆေးစီရင်နေသည့် လက်အောက်ခံ တရားရုံးများ၊ တရားရေး ဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုများကို ကျူးလွန်နေကြသော ရာဇဝတ် ဂိုဏ်းသားများသာဖြစ်ကြောင်း ကြေညာချက်အမှတ် (၅/၂၀၂၁) ဖြင့် တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။ ၄။ ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ ဥပဒေမဲ့ တရားစီရင်ခြင်းများ၊ သေဒဏ်အတည်ပြုခြင်းများနှင့် နည်းမျိုးစုံဖြင့် ဥပဒေချိုးဖောက်နေခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ သက်ဆိုင်သူများအားလုံးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအားလုံးအတွက် အကြမ်းဖက် စစ်ကောင်စီက လုံးဝ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။..."

ရင်းမြစ်: 

Ministry of Justice

Date of Publication: 

2022-06-04

Date of entry: 

2022-06-04

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

200.81 KB

Resource Type: 

text

Text quality: 

    • Good