ဖော်ပြချက်/အကြောင်းအရာ:
"Kachin Independence Organization (KIO) ၏ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ယနေ့ကျရောက်သည့် (၇၅) နှစ်ပြည့် မွေးနေ့အချိန်အခါသမယတွင် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်း၍ အဖဘုရားသခင် ပေးသနားတော်မူသော ဉာဏ်ပညာနှင့်အစွမ်း သတ္တိများဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အကျိုး အတွက် ဆထက်ထမ်းပိုး ဦးဆောင်ဦးရွက်ပြုနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါသည်။
ဥက္ကဋ္ဌကြီး၏ ဦးဆောင်လမ်းညွန်မှုအောက်တွင် Kachin Independence Organization (KIO) နှင့်တကွ ကချင်ပြည်သူလူထု၏ ခိုင်မာပြတ်သားသော ရပ်တည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် ရေးအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ မျှော်မှန်းတောင့်တနေသာ လုံခြုံငြိမ်းချမ်း၍ စည်ပင်ဝပြောသည့် နိုင်ငံတော်တစ်ရပ် ပေါ်ထွန်းရရှိနိုင်ရေး ကြိုးပမ်းအားထုတ်နေမှုများကို များစွာပင် ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းဖော်ပြရင်း ဤမွေးနေ့နှုတ်ခွန်းဆက် သဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-05-27
Date of entry:
2022-05-27
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
260.65 KB
Resource Type:
text
Text quality:
- Good
