Sub-title:
စစ်ကောင်စီက ဖွဲ့စည်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်း မပြုကြရန် တားမြစ်ခြင်း ထုတ်ပြန်ကြေညာချက် (၃/၂၀၂၂)
ဖော်ပြချက်/အကြောင်းအရာ:
"၁။ အကြမ်းဖက်ဝါဒကို လက်ကိုင်ထားလျက် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိပ်စက် ညှင်းပန်းနေသော စစ်ကောင်စီသည် တစတစ အင်အားပြုန်းတီးနေသည့် ၎င်းတို့၏ အကြမ်းဖက် စစ်တပ်အား ဖာထေးထောက်ကူနိုင်ရေး နိုင်ငံတဝန်း မြို့နယ်များတွင် အကြမ်းဖက်အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါတွင် “ပြည်သူ့လုံခြုံရေးအဖွဲ့”ဟု ၎င်းတို့ ခေါ်ဆိုသည့် အကြမ်းဖက်အဖွဲ့များကို မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများတွင် ဖွဲ့စည်းရန် ဆောင်ရွက်လာသည်ကို တွေ့ရှိရသည်။
၂။ ယခင်က ပျူစောထီး၊ သွေးသောက်၊ သွေးသစ္စာ၊ စွန်ရဲ စသော အမည်အမျိုးမျိုးဖြင့် အကြမ်းဖက် အဖွဲ့များ ဖွဲ့စည်းထားခဲ့ရာမှ ယခုအခါ စစ်ကောင်စီသည် ပြည်သူချင်း အကြမ်းဖက် ရန်ပြုစေလျက် ၎င်းအတွက် ထွက်ပေါက် ရှာဖွေရန် ရည်ရွယ်သည့် မူဝါဒတစ်ခု ချမှတ်ကာ ၎င်းကိုယ်တိုင် တိုက်ရိုက်စီမံ ကွပ်ကဲမည့်ပြည်သူ့လုံခြုံရေးအဖွဲ့ အမည်ရသော အကြမ်းဖက်အဖွဲ့ကို စစ်အုပ်စုအလိုတော်ရိ နိုင်ငံရေး ပါတီ နှင့် အသင်းအဖွဲ့များ၏ ပါဝင်မှုဖြင့် ဖွဲ့စည်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
၃။ စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကလည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကလည်း သတ်မှတ်ကြေညာထားပြီး ဖြစ်သဖြင့် စစ်ကောင်စီနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ငန်းများတွင် ထောက်ကူပေးသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းလျက်ရှိပြီး ဥပဒေ နည်းလမ်း အရဖြစ်စေ၊ စစ်ရေးနည်းလမ်းအရဖြစ်စေ အရေးယူခံရမည်ဖြစ်သည်။
၄။ စစ်ကောင်စီ ပြန်ကြားရေး၏ ထုတ်ဖော်ပြောဆိုချက်များအရ စစ်ကောင်စီသည် “ပြည်သူ့လုံခြုံရေးအဖွဲ့” အပါအဝင် အရပ်သားများပါဝင်သော ကာကွယ်ရေးစနစ် တနည်း ပြည်သူကို ပြည်သူနှင့် ပြန်ရန်တိုက်ပေးသည့် အကြမ်းဖက်စနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပါဝင် ဆောင်ရွက်သူများအား စစ်ပညာသင်ကြားပေးခြင်း၊ အကြမ်းဖက်နည်းလမ်းများ ပို့ချခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီးဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၎င်းပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းပုံ နှင့် ပါဝင်သည့် အသင်းအဖွဲ့များ လူပုဂ္ဂိုလ် များနှင့် ပက်သက်သော သက်သေအထောက်အထားများကိုလည်း ရရှိထားပြီးဖြစ်သည်။
၅။ သို့ဖြစ်၍ စစ်ကောင်စီက ဖွဲ့စည်းသော “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” များနှင့် အဖွဲ့ဝင်များကို အရပ်သားအဖြစ် မှတ်ယူ၍မရတော့သည့်အတွက် “ အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များ ” အဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်သည်။
၆။ “ ပြည်သူ့လုံခြုံရေးအဖွဲ့” တွင် ပါဝင်ရန် အတင်းအကြပ်ဖိအားပေး ခိုင်းစေခံရသော ပြည်သူများ အနေဖြင့် ၎င်းအဖွဲ့ကိုအမြန်ဆုံးစွန့်ခွာပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များထံ သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်သည်။
၇။ ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီက “ ပြည်သူ့လုံခြုံရေးအဖွဲ့ ” ဟုဆိုကာ အင်အား စုဆောင်းလာမှုကို လုံးဝလက်မခံ၊ ဆန့်ကျင်ကြပါရန်နှင့် မိမိတို့ရပ်ရွာအတွင်း အကြမ်းဖက်အဖွဲ့ဝင် ထောက်တိုင် များအဖြစ် ပါဝင်ဆောင်ရွက်နေမှုများကို သိရှိရပါက - တယ်လီဂရမ်(telegram) အမည်
" info2mod " သို့လည်းကောင်း၊ အီးမေးလ်(email) လိပ်စာ " [email protected] " သို့လည်းကောင်း၊ အထောက်အထားများနှင့်တကွ သတင်းပေးပို့ တိုင်ကြားနိုင်ကြရန် ထုတ်ပြန်ကြေညာ အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-05-26
Date of entry:
2022-05-26
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
393.41 KB
Resource Type:
text
Text quality:
- Good
