အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့ သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ အစ္စလာမ်ဘာသာဝင်များ၏ တစ်လတာ ဥပုသ်သီတင်းသီလဆောက်တည်ပြီးနောက် ယနေ့ကျရောက်လာသည့် အီဒုလ်ဖိသိရ် ဝါကျွတ် အီးဒ်ပွဲတော်နေ့ အခါသမယတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။ ရမဒွါန် ဥပုသ်ဆောက်တည်ခြင်း၏ အနှစ်သာရများသည် သက်ဝင်ယုံကြည်သူတို့ အတွက် ခန္တီတရားဖြင့် အပြစ်ဒုစရိုက်များကို ရှောင်ရှားလိုစိတ်အား ကျင့်သုံးဆောက်တည်ရခြင်း ဖြစ်သလို လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် စာနာနားလည်မှု၊ ကူညီဖေးမမှု၊ ကိုယ်ချင်းစာ တရား ထွန်းကားစေခြင်းဖြင့် အောင်မြင်သော၊ ငြိမ်းချမ်းသော တရားလမ်းကို ဖော်ဆောင်ခြင်း ဖြစ်ပါသည်။ ၃။ အာဏာလုစစ်ကောင်စီသည် လူနည်းစုဘာသာဝင်များအပေါ် ခေတ်အဆက်ဆက် မတရား ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ၊ ရက်စက်ရမ်းကားမှုများ ကျူးလွန်ခဲ့ခြင်းများအပေါ် အမှန်တရားနှင့် တရားမျှတမှုပြန်လည် ရရှိရေးအတွက် တော်လှန်ရေးကာလပြီးနောက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ရှာဖွေရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်သွားမည်ဟု ပြည်သူ့ညီလာခံကြီးက အတည်ပြုပြဋ္ဌာန်း ထုတ်ပြန်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာည်အတွင်း အတိအလင်း အာမခံချက်ပေးထားပြီးဖြစ်ပါသည်။ ၄။ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် တော်လှန်ရေးတစ်ရပ်ကို ဇွဲသတ္တိ ခံနိုင်ရည်အားဖြင့် ဘာသာလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးမှ တိုက်ပွဲဝင် ဖြတ်သန်းနေရသည်မှာ တစ်နှစ်ကျော် ကာလအတွင်း ဝင်ရောက်လာသကဲ့သို့ အောင်မြင်မှုပန်းတိုင်သို့လဲ တဖြည်းဖြည်း ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ၅။ ယနေ့ကျရောက်သော အီဒုလ်ဖိသိရ် ဝါကျွတ်အီးဒ်နေ့ အခါသမယမှစ၍ ပြည်ထောင်စု သား အစ္စလာမ်ဘာသာဝင်များ အားလုံးအပေါ်သို့ အလ္လာရှင်မြတ်၏ မဟာဂရုဏာတော်နှင့် ကောင်းခြင်းမင်္ဂလာ အဖြာဖြာကျရောက်ပါစေကြောင်း ဆုမွန်ပြုရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-05-03

Date of entry: 

2022-05-03

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

218.19 KB

Resource Type: 

text

Text quality: 

    • Good