ဖော်ပြချက်/အကြောင်းအရာ:
"အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည့် အီဒုလ်ဖိသိရ်ဝါကျွတ်အိးဒ် ပွဲတော်နေ့အခါသမယတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး ရွှင်လန်းချမ်းမြေ့ကြစေရန် ဦးစွာဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
အစ္စလာမ်ဘာသာဝင်များသည် နှစ်စဉ်နှစ်တိုင်း ရမဒွါန်လမြတ်အချိန်အခါ ကျရောက်တိုင်း ရိုဇာဥပုသ်သီလ ဆောက်တည်ခြင်း၊ အလ္လာဟ်အသျှင်မြတ်ထံတော်ပါး ဝတ်ပြုဆုတောင်းခြင်းနှင့်အတူ နွမ်းပါးသူများအား ဖေးမကူညီလှူဒါန်းခြင်းစသည့် ကောင်းမှုသီလများအား ဆောက်တည်ကြ ကြောင်းသိရသည်။ ယင်းကဲ့သို့ တစ်လတိုင်တိုင် ဥပုသ်သီလယူသူများအတွက် ဝါတွင်းကာလ ကုန်ဆုံး ပြီးနောက် ပျော်ရွှင်ချမ်းမြေ့စရာ ဝါကျွတ်ပွဲတော်ဖြစ်သည့် အီဒုလ်ဖိသိရ်အိးဒ်ပွဲတော်ကို ဆင်နွှဲကြကြောင်း သိရသည်။ အဆိုပါ အီဒုလ်ဖိသိရ်အိးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များသည် စားဖွယ်ရာအစုံအလင်အား ချက်ပြုတ်၍ ဘာသာလူမျိုး မတူသူများအား ဖိတ်ခေါ်၊ ပေးပို့ ဧည့်ခံခြင်းမှာလည်း မြန်မာအစ္စလာမ်တို့၏ ချစ်စရာကောင်းလှသည့် အစဉ်အလာဓလေ့တစ်ခုဖြစ်သည်။
သို့သော် ယခုအချိန်သည် အမိမြန်မာနိုင်ငံအား စစ်အာဏာရှင်တို့က အဓမ္မအာဏာသိမ်းယူကာ ပြည်သူပြည်သားများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ နိုင်ထက် စီးနင်းပြုခြင်းများ ပြုလုပ်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးမှလည်း အကြမ်းဖက်စစ်တပ်အား ရရာ လက်နက်စွဲကိုင်ကာ တော်လှန်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးကာလလည်း ဖြစ်သည်။
ထိုပြည်သူ့တော်လှန်ရေးအတွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များလည်း ပြည်သူ တစ်ရပ်လုံးနှင့်အတူ ကိုယ်တိုင်ကိုယ်ကျပါဝင်ကာ တိုင်းပြည်အတွက် အသက်စွန့်တိုက်ပွဲဝင်နေကြကြောင်း သိရသည်။ ထို့အတူ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနေသည်မှာလည်း လေးစားဂုဏ်ယူဖွယ်ရာ တွေ့မြင်ကြားသိနေရသည်။
ဆက်လက်၍ စစ်အာဏာရှင်စနစ်အား အပြီးတိုင်တွန်းလှန်ကာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ခွင့်တူညီမျှပြီး ခွဲခြားဆက်ဆံမှုကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကဏ္ဍတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။
အချုပ်မှာ အီဒုလ်ဖိသိရ်ဝါကျွတ်အိးဒ်ပွဲတော်နေ့ အချိန်အခါသမယတွင် အစ္စလာမ်ဘာသာဝင် များအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်းနှင့် ဘေးအန္တရာယ်များ ကင်းဝေးကြပါစေ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆုတောင်းမေတ္တာပို့သရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-05-03
Date of entry:
2022-05-03
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
355.76 KB
Resource Type:
text
Text quality:
- Good
