National Unity Government: Ministry of Health Announcement No.3/2022 - အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၃/၂၀၂၂)

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်မှ CDM ပြုလုပ်ထားသော ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဖြစ်သူ မောင်ဇွဲမာန်အောင်၊ အသက် (၂၇) နှစ်သည် ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) မှ ရဲဘော် မင်းသန့်ကျော်၊ ရဲဘော် ရာဇာထွန်း၊ ရဲဘော် နိုင်ဝဏ္ဏနှင့် ရဲဘော် မင်းခန့် (ခ) မိုးဒီတို့နှင့်အတူ (၁၇-၄-၂၀၂၂) ရက်နေ့တွင် ပြုလုပ်သော မုံရွာ ပင်မသပိတ်စစ်ကြောင်းလုံခြုံရေးအတွက် ပွိုင့်ကင်းတာဝန်ထမ်းဆောင်နေစဉ် မုံရွာမြို့နယ်၊ တောပုကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးများ၏ အရှင်ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသဖြင့် ကျဆုံးခဲ့ရပါသည်။ ကျဆုံးခဲ့သော CDM ကျန်းမာရေးဝန်ထမ်း မောင်ဇွဲမာန်အောင်တွင် ဇနီးနှင့် လူမမယ်ရင်သွေး (၂) ဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ၂။ စစ်အာဏာသိမ်းသည့် (၁-၂-၂၀၂၁) ရက်နေ့မှ ယနေ့အထိ အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးလုပ်သားများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အောက်ပါအတိုင်း အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရပါသည်- - ကျန်းမာရေးလုပ်သား (၄၀) ဦးကို သတ်ဖြတ်ခြင်း၊ (၃၆၂) ဦးကို ဖမ်းဆီးခြင်း၊ (၈၁) ဦး ကို ဒဏ်ရာရစေခြင်းနှင့် တိုက်ခိုက်ခြင်း၊ - ကျန်းမာရေးဝန်ထမ်း ဦးရေများစွာ ပုန်းရှောင်နေရခြင်း၊ - ဆေးရုံ/ဆေးခန်း (၃၈) ခုကို ဖျက်ဆီးခြင်း၊ (၁၂၉) ခုကို ဝင်ရောက်စီးနင်းလုယက်ခြင်း၊ (၆၇) ခုတွင် တပ်စွဲသိမ်းပိုက်ခြင်း၊ - အရေးပေါ်နှင့် လူနာတင်ယာဉ် (၃၄) စီးကို ဖျက်ဆီးခြင်း၊ (၁၁) စီးကို ခိုးယူအပိုင်စီးခြင်း။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကျဆုံးခဲ့ရသော CDM ကျန်းမာရေးဝန်ထမ်း မောင်ဇွဲမာန်အောင်အပါအဝင် ကျဆုံးကျန်းမာရေးလုပ်သားများ၏ မိသားစုများနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပြီး မောင်ဇွဲမာန်အောင်အပါအဝင် ကျဆုံးကျန်းမာရေးလုပ်သားများ အားလုံးကို အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။ ၄။ ကျန်းမာရေးလုပ်သားများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Health, National Unity Government of Myanmar

Date of Publication: 

2022-04-22

Date of entry: 

2022-04-23

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

407.97 KB

Resource Type: 

text

Text quality: 

    • Good