အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ (၂၂) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ဧပြီလ (၁၀) ရက်နေ့၊ ယနေ့ကျရောက်သည့် ကယန်းအမျိုးသားနေ့တွင် ကယန်းတစ်မျိုးသားလုံး ကျန်းမာလုံခြုံပြီး ဘေးရန် အပေါင်းမှ ကင်းကွာကြစေရန် ဦးစွာပထမ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ၂။ ခရစ်နှစ် ၂၀၀၀ တွင် ကယန်းလူမျိုးခေါင်းဆောင်များ၊ ကယန်းလူမျိုးဆရာတော်ကြီးများနှင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များစုဝေးကာ ကယန်းအမျိုးသားစာပေ အတည်ပြုခြင်း၊ ကယန်း၊ ကငန်၊ ကယန်းကဲဒေါ့၊ ကယန်းလထာနှင့် ကယန်းကခေါင်းဟူသည့် မျိုးနွယ်စုများ သည် ကယန်း အမျိုးသားတစ်ခုတည်းအဖြစ် ခံယူအတည်ပြုခြင်းနှင့် ကယန်းအမျိုးသား အလံတော်တို့ကို အတည်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အဆိုပါနှစ် ဧပြီ (၁၀) ရက်နေ့တွင် ကယန်း အမျိုးသားနေ့ကို ပထမဆုံး အကြိမ်ကျင်းပ ပြုလုပ်ခဲ့ရာ ယနေ့ဆိုလျှင် (၂၂) နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။ ၃။ နွေဦးတော်လှန်ရေးတွင် ဖက်ဆစ်ဝါဒီ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်ရာတွင် ကယန်း အမျိုးသားများလည်း ရှေ့တန်းမှ ပါဝင်လျက်ရှိသည့်အတွက် လေးစားဂုဏ်ပြုပါသည်။ ၄။ မြန်မာ့ မြေပေါ်မှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရန်နှင့် တန်းတူညီမျှသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရန်အတွက် ကယန်းအမျိုးသားများအနေဖြင့် ပြည်ထောင်စုသားအားလုံးနှင့် လက်တွဲ၍ ကြိုးစားဆောင်ရွက်မည် ဟု ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-04-10

Date of entry: 

2022-04-10

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

176.03 KB

Resource Type: 

text

Text quality: 

    • Good