ဖော်ပြချက်/အကြောင်းအရာ:
"မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေမှာ ပို၍ မတည်မငြိမ်ဖြစ်လျှက်ရှိသည်။ သိန်းနှင့်ချီသည့် ပြည်သူလူထု မှာ မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်နေရသည်။ ဒဏ်ရာရ ပြည်သူများ၊ ဆန္ဒပြသူများနှင့် PDFs တပ်သားများအား ကြိုးစား ကုသပေးနေသူများမှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများဖြစ်သည်။ ထို့ကြောင့် လက်နက်အားကိုးဖြင့် ဆေးရုံ၊ ဆေးခန်းများအား ဖျက်ဆီး၍ဆေးဝါးများ မတရားသိမ်းဆည်းနေသည့် မြန်မာစစ်အာဏာရှင်တပ် များ၏ ပစ်မှတ်ထားခြင်းခံနေရသည်။ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ထိုသို့လုပ်ဆောင်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ပို၍ဖြစ်ပေါ်စေသည်။
CDM တွင် ပူးပေါင်းပါဝင်သည့် ဆရာဝန်နှင့် သူနာပြုများသည် တိမ်းရှောင်နေကြရသည်။ ဖမ်းဝရမ်းများ အထုတ်ခံထားကြရသော်လည်း ဆရာဝန်နှင့် သူနာပြုများက တိတ်တဆိတ် ကုသ၍ ကျန်းမာရေး စောင့်ရှောက်ပေးကြသည်။ ၎င်းတို့၏ စိတ်ဓာတ်နှင့် ဆန္ဒကို စစ်အာဏာရှင်များမှ ရိုက်ချိုး၍ မရပေ။ အာဏာကို ငန်းငန်းတက် လိုချင်၍ မြန်မာစစ်တပ်မှ ရက်ရက်စက်စက် ဆင်နွှဲနေသည့် စစ်ပွဲသည် ထိန်းချုပ် ပြုပြင်၍ မရလောက်အောင် မတည်မငြိမ်ဖြစ်ပေါ်စေသည်။ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဌသည် ဖျက်ဆီးခံရသည့် ကဏ္ဌများထဲမှ တခုဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုသည် နိုင်ငံတဝှန်း ပဋိပက္ခများကြောင့် အကြီးအကျယ်ထိခိုက်ကသောင်းကနင်း ဖြစ်နေပြီး အနိမ့်ဆုံးအဆင့်ဝင်ငွေဖြင့် အသက်ရှင်သန်ရန် ရုန်းကန်နေရသည့် အရပ်သားပြည်သူများ လက်လှမ်းမမီနိုင်သည့် အခြေအနေတွင် ရှိနေသည်။
ကမ္ဘာ့ကျန်းမာရေးနေ့တွင် မြန်မာစစ်တပ်မှ စစ်သားများက ကျန်းမာရေးလုပ်သားများအပေါ် မတရားမှုများကျူးလွန်နေသည်ကို မိမိတို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ သိရှိနားလည်သဘောပေါက်ပါသည်။ ယခုလို မတရား တိုက်ခိုက်နေမှုများကို ပြစ်တင်ရှုံ့ချပြီး ကျန်းမာရေးလုပ်သားများအား အလျင်အမြန် အကာအကွယ်ပေးရန်နှင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအားလည်း အမှုများမှ ရုပ် သိမ်း၍ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုပါသည်။..."
ရင်းမြစ်:
Network for Human Rights Documentation - Burma
Date of Publication:
2022-04-07
Date of entry:
2022-04-07
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
372.51 KB
Resource Type:
text
Text quality:
- Good
