အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ကျရောက်သော ၂၇၆၁ ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်နီလူမျိုးများအပါ အဝင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။ ၂။ ကရင်နီလူမျိုးများသည် ခရစ်တော်မပေါ်မီ ဘီစီ ၇၃၉ ခုနှစ်တွင် ယနေ့ခေတ် မွန်ဂိုလီးယားနိုင်ငံ၊ ဂိုဘီ သဲကန္တာရဟု ခေါ်တွင်ရာနေရာဒေသမှနေ၍ တောင်ဘက် ရေကြည်ရာ မြက်နုရာအရပ်ဒေသသို့ တဖြေးဖြေး ရွှေ့ပြောင်းလာခဲ့ပြီး၊ ယနေ့ခေတ် ကရင်နီပြည်၊ ဒီးမောဆိုဒေသသို့ရောက်ရှိကာ ကရင်နီပြည်ကိုတည်ထောင် နေထိုင်ခဲ့ကြသည်ဟု ယုံကြည်ကြသည်။ မူလနေထိုင်ရာ ဂိုဘီသဲကန္တာရမှ စတင်ထွက်ခွာလာခဲ့သည့်နှစ်ကို အစွဲပြု၍ ရေတွက်သော ကရင်နီသက္ကရာဇ်သည် ယခုအခါ ၂၇၆၁ ခုနှစ်မြောက်ရောက်ရှိခဲ့ပြီဖြစ်သည်။ ၃။ ၁၉၅၂ ခုနှစ်တွင် ကရင်နီလ လဲဟျာ (၁) ရက်နေ့ကို ကရင်နီတစ်မျိုးသားလုံး၏ နှစ်သစ်ကူးနေ့ရက်အဖြစ် သတ်မှတ်ခဲ့ကြပြီး၊ ယင်းနေ့တွင် စကြဝဠာ၊ ကမ္ဘာလောကနှင့် လူသားကိုဖန်ဆင်းအုပ်စိုးသောဘုရား (ကရင်နီ ဘာသာစကားဖြင့် ဘျာစယ်ဒုဖီးသူးလုမိုး) ၏ ဂုဏ်ကျေးဇူးကိုသတိရအောက်မေ့ကာ ကျေးဇူးတော်ချီးမွှမ်းခြင်း နှင့် လာမည့်နှစ်အတွက် ဆက်လက်စောင့်ရှောက်ကူညီပေးရန်ဆုတောင်းခြင်းများပြုလုပ်လေ့ရှိကြသည်။ ၄။ ယခုအခါ အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များကြောင့် ကရင်နီပြည်နယ်တစ်ခုလုံး စစ် တလင်းပြင်ကဲ့သို့ဖြစ်နေရပြီး၊ ပြည်နယ်တွင်းရှိ လူဦးရေတစ်သိန်းနီးပါးသည် ပြည်တွင်းနှင့် အိမ်နီးချင်းထိုင်း နိုင်ငံထဲသို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရလျှက်ရှိသည်။ ထို့ပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ဝင်များက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ခရစ်ယာန်ဘုရားကျောင်းများအပါအဝင် ဘာသာ ရေးအဆောက်အဦများနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခြင်းများပြုလုပ်လျှက်ရှိနေသည်။ ၅။ နှစ်သစ်ကူးနေ့သည် နှစ်ဟောင်းကာလ၏ အဆိုးအညံ့များကုန်ဆုံး၍ နှစ်သစ်အတွက် အကောင်းအသစ်များ ကို ကြိုဆိုကြရသည့်အချိန်ကာလဖြစ်သည်။ ဤနှစ်သစ်ကာလတွင် ကရင်နီပြည်နယ်နှင့် ကရင်နီလူမျိုးများ အားလုံးအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးသည် ဘျာစယ်ဒုဖီးသူးလုမိုး၏ ကွယ်ကာ စောင့်ရှောက်ခြင်းနှင့် ကောင်းချီးပေးခြင်းအားဖြင့် စစ်မက်များလည်း အောင်မြင်ပြီးမြောက်ကာ ဘေးလွတ် လုံခြုံမှုများ လျင်မြန်စွာရရှိနိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-04-01

Date of entry: 

2022-04-01

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

336.69 KB

Resource Type: 

text

Text quality: 

    • Good