Ministry of Humanitarian Affairs and Disaster Management - NUG: Notification No. 01/2022 - အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၀၁/၂၀၂၂

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေးနှင့် ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများ၏ လူမှုဘဝ ဖူလုံရေး၊ ဘေးကင်းလုံခြုံရေးနှင့် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးခံရခြင်းမှ ကာကွယ်ပေးနိုင်ရေးအတွက် အထူး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ဝန်ထမ်းများနှင့် ဆန့်ကျင်လျက် အကြမ်းဖက် စစ်အုပ်စုဘက်တွင် ရပ်တည်နေကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခြင်း၊ ဝန်ထမ်းအသစ်ခန့်အပ်ခြင်း၊ ပညာတော်သင်သွားရောက်ခြင်းများနှင့် စပ်လျဉ်း၍ လုံးဝ အသိအမှတ် မပြုကြောင်း ကြေညာချက် တစ်ရပ်ကိုလည်း ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ၂၀၂၁ခုနှစ်၊ မတ်လ(၃၁)ရက်နေ့၌ နောက်ဆုံးထားပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ ယင်းကဲ့သို့ CDM လှုပ်ရှားမှုတွင်ပါဝင်ကြရန် သတ်မှတ်ထားခဲ့သည့်နေ့ရက်မှစ၍ တစ်နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သော်လည်း ယခင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများသည် ခံယူချက်မပြောင်းလဲဘဲ စစ်ကောင်စီ၏ ဩဇာခံအဖြစ် ၎င်းတို့ဘက်မှ ဆက်လက် ရပ်တည်လျက်ရှိပါသည်။ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ မူလတာဝန် ဝတ္တရားများဖြစ်သည့် သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားကြရသည့် ပြည်သူများအား လတ်တလော စားဝတ်နေရေး ပြေလည်စေရေးအတွက် ကူညီထောက်ပံ့ခြင်း၊ လူတို့ကြောင့် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်ပြောင်းရွှေ့ကြသူများနှင့် လုံခြုံစိတ်ချမှု မရှိသော နယ်မြေအတွင်းမှ အခြား လုံခြုံသောဒေသသို့ စုစည်းပြောင်းရွှေ့ရသော ပြည်သူများအား ထောက်ပံ့မှုပေးခြင်းစသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် တမင် ပျက်ကွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ၃။ ယခုအခါ စစ်ကောင်စီသည် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ သက်ကြီးရွယ်အိုနှင့် ကလေးများကို အရှင်လတ်လတ်မီးရှို့ခြင်းစသည့် လူမဆန်သည့် ပြစ်မှုများကို ကျူးလွန်နေချိန်တွင် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် တာဝန်ရှိသည့် အဆိုပါဝန်ကြီးဌာနကလည်း စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ ကူညီခြင်း မပြုဘဲ စစ်ကောင်စီ၏ ဖြတ်(၄)ဖြတ်လုပ်ငန်းစဉ်တွင် အလိုတူ အလိုပါ လုပ်ဆောင်လျက်ရှိပါသည်။ ၄။ ယင်းကဲ့သို့ စစ်ကောင်စီ၏ လူသားချင်းစာနာမှုကင်းမဲ့သည့် လုပ်ရပ်တွင် ပါဝင် ပတ်သက် နေကြပြီး ဝန်ကြီးဌာန၏ ယန္တရားလည်ပတ်ရေးတွင် အဓိကကျသော အောက်ဖော်ပြပါ အရာထမ်း များအား ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်အာဏာသိမ်းချိန်တွင် ခန့်အပ်ထားသည့် ၎င်းတို့၏ ရာထူးများအတိုင်း ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal)ပြီး ပြည်သူ့ သစ္စာဖောက် ဝန်ထမ်းများ အဖြစ် အမည်ပျက်စာရင်းထုတ်ပြန် ကြေညာလိုက်သည်..."

ရင်းမြစ်: 

Ministry of Humanitarian Affairs and Disaster Management - NUG

Date of Publication: 

2022-03-31

Date of entry: 

2022-03-31

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

1.78 MB

Resource Type: 

text

Text quality: 

    • Good