ဖော်ပြချက်/အကြောင်းအရာ:
"လက်ရှိမြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးအနှံ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။ အဲဒီထဲကမှ ကမ္ဘာကရော၊ နိုင်ငံကရော၊ လူ့လောကတစ်ခုလုံးကပါ လူမသိသူမသိ ချိုးဖောက်ခံနေရဆုံးနေရာက အကျဉ်းထောင်တွေဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ပါဝင်ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အကျဉ်းထောင်ထဲ ရောက်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အာဏာရှင်ရဲ့ လက်ပါးစေ ထောင်အာဏာပိုင်များမှ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်နေကြပါတယ်။ အဆိုပါဖြစ်ရပ်တွေကို အခြေခံပြီး အကျဉ်းထောင်တွေထဲက လူ့အခွင့်အရေး ချိုးဖောက်အခံရဆုံး အဖြစ်အပျက်တွေကို အများပြည်သူ သိရှိနိုင်အောင် ဖော်ထုတ်ဖို့အတွက် ရည်ရွယ်ပြီး “The International Day For The Right To The Truth” အထိမ်းအမှတ်အဖြစ် အောက်ပါ Animation Video ကို GSCC ၊ AAPP ၊ AJAR တို့ပူးပေါင်း စီစဉ်တင်ဆက်လိုက်ပါတယ်။
(အရေးတော်ပုံအောင်ရမည်!!)..."
ရင်းမြစ်:
General Strike Collaboration Committee, Assistance Association for Political Prisoners and Asia Justice and Rights
Date of Publication:
2022-03-23
Date of entry:
2022-03-23
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Resource Type:
text and video
Text quality:
- Good
Video:
3 minutes and 14 seconds
