ဖော်ပြချက်/အကြောင်းအရာ:
"ယနေ့ မတ် ၂၃ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စတင် ဖွဲ့စည်း ထူထောင်ခဲ့သည်မှာ (၂၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
စတင်ထူထောင်ချိန်မှစ၍ ၂၂ နှစ်တာကာလအတွင်း AAPP အနေဖြင့် နိုင်ငံရေးအကျဉ်းသားအရေး၊ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစဉ်တစိုက်လေ့လာစောင့်ကြည့် မှတ်တမ်းတင်မှုများ၊ ထုတ်ပြန်မှုများကို ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ် စစ်အုပ်စု၏ မတရားအာဏာလုယူမှုနောက်ပိုင်း မြန်မာနိုင်ငံ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၏ အခြေအနေမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလာခဲ့သည်ကို စောင့်ကြည့်လေ့လာမှုများအရ တွေ့ရှိရသည်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများမှာ လူတစ်ယောက်၏ အခွင့်အရေးမှန်သမျှ အဟောသိကံဖြစ်ကြရသည်။
ယခုအစီရင်ခံစာတွင် စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို မတရားအာဏာလုယူချိန်မှ အစပြု၍ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ စစ်ကြောရေး၊ တရားစီရင်ရေးနှင့် အကျဉ်းစံ အတွေ့အကြုံများကို ဖေါ်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော မှတ်တမ်းများ၊ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ပြန်လည်လွတ်မြောက်သူများနှင့် တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံ၍ သက်သေခံအထောက်အထားနှင့်တကွ တင်ပြထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသေးသ၍ ပြည်သူများ၏ အနာဂတ်ပျောက်နေဦးမည်သာဖြစ်သည်။ ထို့အတူ တရားလက်လွတ်ဖမ်းဆီးထောင်ချမှုများ၊ တိုင်းရင်းသားပြည်သူတရပ်လုံးအပေါ် အနိုင်ကျင့်စော်ကားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နယ်ပယ်အသီးသီး၊ နေရာဒေသအသီးသီးတွင် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဤအစီရင်ခံစာက တစိတ်တဒေသအားဖြင့် သက်သက်ခံနေမည်ဖြစ်သည်။..."
ရင်းမြစ်:
Assistance Association for Political Prisoners
Date of Publication:
2022-03-23
Date of entry:
2022-03-23
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
530.9 KB
Resource Type:
text
Text quality:
- Good
