National Unity Government: Ministry of Electricity and Energy Notification No.3/2022 - လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့အား ရေနံလက်ယက်တွင်း တူးဖော်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ချက်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ပေးအပ်ထားပါ သည်။ ၂။ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အခန်း(၄) ပုဒ်မ ၈ ပုဒ်မခွဲ(က)အရ ရေနံနှင့် ရေနံထွက် ပစ္စည်းတမျိုးမျိုးကို ချက်လုပ်ခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းတို့နှင့် သက်ဆိုင်သည့် လိုင်စင်များထုတ်ပေးခြင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှလည်းကောင်း၊ ပုဒ်မ ၉ အရ ရေနံနှင့်ရေနံထွက်ပစ္စည်းတမျိုးမျိုးကို သယ်ဆောင်သည့် မော်တော်ယာဉ်၊ ရေယာဉ်နှင့် တွဲများကို လိုင်စင်ထုတ်ပေးခြင်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနမှလည်းကောင်း၊ ပုဒ်မ ၁၀ အရ သိုလှောင်ကန်နှင့် သိုလှောင်ရုံးများအတွက် သိုလှောင်ခွင့်လိုင်စင် ထုတ်ပေးခြင်းအား သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနတို့မှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၃။ သို့ဖြစ်ပါ၍ ရေနံလက်ယက်တွင်း ဥပဒေ၏ အခန်း (၅) ပုဒ်မ ၁၅ နှင့် ရေနံလက်ယက်တွင်းဆိုင်ရာ နည်းဥပဒေ၏ အခန်း (၄) နည်းဥပဒေ ၂၂ အရလည်းကောင်း၊ ရေနံ နှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ အခန်း(၄) ပုဒ်မ(၈) ပုဒ်မခွဲ(က) ပါလုပ်ငန်းတာဝန်များအနက် ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်း သက်တမ်းတိုးလိုင်စင်များ ထုတ်ပေးခြင်းလုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ရေနံ နှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေ အခန်း(၉) ပုဒ်မ ၅၂ အရ အခွန်အခများအား လိုင်စင်ထုတ်ပေးသည့် ဝန်ကြီးဌာန၊ အခွန်ကောက်ခံသည့် ဝန်ကြီးဌာနတို့ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအကြား မည်သို့ ကောက်ခံ ခွဲဝေသုံးစွဲ ရမည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုင်စင်ထုတ်ပေး သည့် ဝန်ကြီးဌာန နှင့် အခွန်ကောက်ခံသည့် ဝန်ကြီးဌာနတို့က ထုတ်ပြန်သတ်မှတ်ရမည်ဟု လည်းကောင်းဖော်ပြပါရှိသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့အား ပေးအပ် ထားသောတာဝန် နှင့် လုပ်ပိုင်ခွင့်များကို ကြားကာလတွင် ပြည်နယ်များရှိ EROsများ နှင့် တိုင်းဒေသကြီးရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့အား ၎င်းဥပဒေ နှင့် နည်းဥပဒေတွင် ပေးအပ်ထားသော တာဝန်များအား ဆောင်ရွက်နိုင်ရန် ယာယီတာဝန် လွှဲပြောင်းပေးအပ်ပါသည်။ ၄။ ကျေးရွာစက်သုံးဆီအရောင်းဆိုင်များ နှင့်ပတ်သက်၍ ၄-၉-၂၀၂၀ ရက်စွဲပါ ကျေးရွာစက်သုံး ဆီဆိုင် (Village Mini Pump Station) လိုင်စင်ဆိုင်ရာ အမိန့်အမှတ်၊ ၃၂၇/၂၀၂၀ အရ လိုင်စစ်အသစ် လျှောက်ထားခြင်း နှင့် သက်တမ်းတိုးခြင်းများအား ယာယီရပ်ဆိုင်းခဲ့ပါသည်။ အဆိုပါလိုင်စင် သက်တမ်း တိုးခြင်း နှင့် လိုင်စင်အသစ်လျှောက်ထားခြင်းများကို ယာယီရပ်ဆိုင်းခြင်းအားလည်းကောင်း ရေနံလက်ယက်တွင်းများ နှင့်ပတ်သက်၍ ၂၂-၆-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၄/၂၀၂၁ နှင့် ရေနံ နှင့် ရေနံထွက်ပစ္စည်းဥပဒေ နှင့်ပတ်သက်၍ ၁၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၅/၂၀၂၁ တို့အား လည်းကောင်း ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ပြီး လုပ်ပိုင်ခွင့်များအား ပြည်နယ်များရှိ EROsများ၊ တိုင်းဒေသကြီးရှိပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ ဆောင်ရွက်ရန် ယာယီလွှဲပြောင်းပေးအပ်လိုက်ပါသည်။ အခွန်ကောက်ခံမှုများကို ကြားကာလဒေသန္တရ အုပ်ချုပ်‌ရေးဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်း နှင့် မျှဝေသုံးစွဲမှုဆိုင်ရာမူဝါဒနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်သည်။..."

ရင်းမြစ်: 

Ministry of Electricity and Energy

Date of Publication: 

2022-03-18

Date of entry: 

2022-03-18

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

283.78 KB

Resource Type: 

text

Text quality: 

    • Good