“အမျိုးသားညီညွတ်ရေးအစိုးရက ၇၃ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့ပေးပို့သည့် သဝဏ်လွှာ”

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ကျရောက်သည့် ၇၃ နှစ်မြောက် မူးနီခို ပအိုဝ်း (ပအိုဝ်းအမျိုးသားနေ့) အချိန်အခါသာမယတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ပအိုဝ်းအမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှကင်းကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ ၂။ ၁၉၄၈ ခုနှစ် မတ်လတွင် ဖလပလအစိုးရ၏ မြေယာခွဲဝေရေးမူဝါဒကို လက်မခံနိုင်ကြသော သထုံဒေသရှိ ပအိုဝ်း လယ်သမားတစ်သောင်းကျော်သည် ပအိုဝ်းတောင်သူအဖွဲ့ချုပ်၏ဦးဆောင်မှုအောက်၌ သထုံမြို့ ရေကျော်ဘုန်းကြီး ကျောင်းတွင် လူထုစည်းဝေးကြီးတစ်ရပ်ကျင်းပခဲ့သည်။ ယင်းစည်းဝေးကြီးတွင် မြေယာခွဲဝေရေးမူဝါဒကို ပြန်လည် ရုပ်သိမ်းပေးရေးအပါအဝင် မိမိတို့လူမျိုးအမည်ကို “တောင်သူ” ဟု ခေါ်ဆိုရေးသားခြင်း မပြုဘဲ “ပအိုဝ်း” ဟုသာ ခေါ်ဆိုရေးသားပေးရန်တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ၁၉၄၉ ခုနှစ်ကစပြီး တပေါင်းလပြည့်နေ့တွင် ပအိုဝ်းလူမျိုးများ ကျင်းပလေ့ရှိသည့် ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ်ပြောင်းလဲကျင်းပရန်ဆုံးဖြတ်ခဲ့သည်။ ၃။ ပအိုဝ်းလူမျိုးများသည် လွန်ခဲ့သည့်နှစ် ၃၀၀၀ ဝန်းကျင် (ဘီစီ ၁၀၀၀ ဝန်းကျင်ကတည်းကပင်) မျက်မှောက် ခေတ် မွန်ပြည်နယ်၊ သထုံဒေသ၌အခြေချနေထိုင်ခဲ့ကြသည့် ဌာနေတိုင်းရင်းသားလူမျိုးဖြစ်သည်။ နှစ်သုံးထောင် ကြာဖြတ်သန်းလာခဲ့သည့် သမိုင်းတစ်လျှောက် နိုင်ငံရေးအရ ချိုခြင်း၊ ခါးခြင်းအစရှိသည့် အတွေ့အကြုံပေါင်း မြောက်များစွာကို ရင်ဆိုင်ခဲ့ကြပေမည်။ ထို့အတူ နှစ်ပေါင်းသုံးထောင်ကြာ နိုင်ငံရေးအခင်းအကျင်းမျိုးစုံအောက် တွင် ကြံ့ကြံ့ခံဖြတ်သန်းလာခဲ့သည့် ပအိုဝ်းလူမျိုးများ၏ ကြံ့ခိုင်မှုနှင့် ဇွဲလုံ့လများကို ချီးကျူးဂုဏ်ပြုအပ်ပေသည်။ ၄။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထပ်မံလုယူသိမ်းပိုက်ရန် ကြိုးစား လာခဲ့သောအခါ ပအိုဝ်းလူမျိုးများစွာက လက်မခံဆန့်ကျင်ခဲ့ကြသည်။ ယခုအခါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုကြသည့် ပအိုဝ်းအင်အားစုများအနေဖြင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council) ၏ ဦးဆောင်မှုအောက်၌ အတူတကွစုစည်းပြီး၊ လက်တွေ့ကျသည့်နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွဲနေကြသည်ကိုတွေ့ရှိရသည့်အတွက်လည်း များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ၅။ ယနေ့ကျရောက်သည့် ၇၃ နှစ်မြောက် “မူးနီခိုပအိုဝ်း” (ပအိုဝ်းအမျိုးသားနေ့) မှစ၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပအိုဝ်း အမျိုးသမီး၊ အမျိုးသားများပါဝင်ဆင်နွဲနေကြသောလွတ်မြောက်ရေးကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများ လျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-03-16

Date of entry: 

2022-03-16

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

370.22 KB

Resource Type: 

text

Text quality: 

    • Good