ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျရောက်သော (၇၄)နှစ်မြောက် “ချင်းအမျိုးသားနေ့ ” သို့ ဂုဏ်ယူစွာဖြင့် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
၂။ ချင်းအမျိုးသားတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အရေးကြီးသည့် လူမျိုးတစ်ခု ဖြစ်သည် နှင့်အညီ ချင်းတစ်မျိုးသားလုံး စုစည်းညီညွတ်ရေး ရှေးရှုလျက် "ချင်းအမျိုးသားနေ့" ရက်မြတ် ရွေးချယ် သတ်မှတ်ရန် ၁၉၅ဝ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
၃။ ထိုအစည်းအဝေးက ဖလမ်းမြို့တွင် ချင်းလူထုညီလာခံကျင်းပခဲ့သော ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက် နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြရာ ယခုဆိုလျှင် (၇၄)နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၄။ နယ်ချဲ့ ဖက်ဆစ် ဆန့်ကျင်ရေး ကာလမှသည် ယနေ့ နွေဦးတော်လှန်ရေးကာလအထိ တော်လှန်ရေး အဆက်ဆက်တွင် စွန့်လွှတ်အနစ်နာခံလျက် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သော ချင်းအမျိုးသားများ၊ ချင်းခေါင်းဆောင်များနှင့် ချင်းအာဇာနည် အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ကျရောက်သော (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အလေးအနက် ဦးညွှတ် ဂုဏ်ပြုလိုက်ပါသည်။
၅။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ထွန်းကားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သစ် ဆီသို့ မျှော်ရည်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် အောင်ပွဲခံသည့်အချိန်အထိ ချင်းအမျိုးသားများ သည် ရှေ့တန်း မှ ဆက်လက် ဦးဆောင်ပါဝင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြအပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-02-20
Date of entry:
2022-02-20
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
179.96 KB
Resource Type:
text
Text quality:
- Good
