(၇၅)နှစ်မြောက်မွန်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ မွန်တိုင်းရင်းသားများက ဟံသာဝတီနိုင်ငံတော်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပသော (၇၅)နှစ်မြောက် ယနေ့ မွန်အမျိုးသားနေ့တွင် မွန်တိုင်းရင်းသားများနှင့်တကွ ပြည်သူများအားလုံး လိုလားတောင့်တသည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံး တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ၂။ မွန်တိုင်းရင်းသားများသည် မိမိတို့နိုင်ငံတွင် အစောဆုံးအခြေချနေထိုင်သူများဖြစ်ပြီး ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ သိမ်မွေ့မှု၊ ကြွယ်ဝမှု၊ အတတ်ပညာ၊ အသိပညာပိုင်းတွင် ဂုဏ်ယူရ လောက်သည့် လူမျိုးများ ဖြစ်ပါသည်။ ဟံသာဝတီနိုင်ငံတော်ကြီးအတွက် ကြံ့ကြံ့ခံ တိုက်ပွဲ ဝင်ခဲ့ကြသည့် သမိုင်းကြောင်း ထယ်ဝါသော ၊ အစဉ်အလာကောင်းသော လူမျိုးများ ဖြစ်ပါသည်။ ၁၉၄၇ခုနှစ်မှစ၍ သမလနှင့်ဝိမလမင်းညီနောင်နှစ်ပါးတို့ ဟံသာဝတီနိုင်ငံတော်ကြီးကို စတင် တည်ထောင်ခဲ့သည့် တပို့တွဲလပြည့်ကျော်(၁)ရက်ကို မွန်အမျိုးသားနေ့အဖြစ် လက်ခံကျင်းပ လာခဲ့သည်မှာ ယနေ့တွင် စိန်ရတုတိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၃။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မွန်တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင် တိုင်းရင်း သားအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော်လည်း နိုင်ငံတွင် နှစ်ပေါင်း(၇၀)အတွင်း စစ်အာဏာရှင်စနစ်ကို အသက်သွင်း၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် မွန်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား အားလုံးတို့သည် ငြိမ်းချမ်းမှုကို မခံစားကြရဘဲ တိုးတက်ဖွံ့ဖြိုးမှု နှေးကွေး၍ စစ်ဘေးစစ်ဒဏ်များ တွေ့ကြုံနေကြရပါသည်။ ၄။ တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တနေသော ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုက ရေစီနိုင်ငံတော်သစ်တည်ထောင်ရေး လမ်းကြောင်းသို့ ဦးတည်နေစဉ် ကိုဗစ်ကပ်ရောဂါ ကာလ အား အသုံးချ၍ စစ်အာဏာရှင်တစ်စုသည် မတရားသဖြင့် လက်နက်အားကိုး၍ အာဏာ သိမ်းယူခဲ့ကြရာ တနိုင်ငံလုံးတွင် ဆိုးဝါးသော အခြေအနေများ ခံစားနေကြရပါသည်။ ထိုကဲ့သို့ သော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်ရေးတွင် ကျရာတာဝန်များ ထမ်းဆောင်ရင်း တက်ကြွစွာ ပါဝင်အားဖြည့်လျက်ရှိသည့် မွန်တိုင်းရင်းသားတစ်ရပ်လုံးနှင့် မွန်လူငယ်များ၏ အခန်းကဏ္ဍကို ဂုဏ်ပြုဖော်ပြအပ်ပါသည်။ ၅။ မွန်တိုင်းရင်းသားအားလုံး၏အထွဋ်အမြတ်ထားရသည့် မင်္ဂလာရှိသော ဤအချိန်အခါ ကာလတွင် ပြည်ထောင်စုအတွင်း၌ မွန်တိုင်းရင်းသားများနှင့်အတူ ပြည်သူအားလုံး အတူလက် တွဲကာ တွေ့ကြုံနေကြရသော စိန်ခေါ်မှုများကို ဟံသာဝတီစိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ ဖြတ်ကျော်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေးမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက် တူညီသောပန်းတိုင်ဆီသို့ ကြိုးစားချီတက်ကြပါစို့ဟု တိုက်တွန်းရင်း (၇၅)နှစ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-02-16

Date of entry: 

2022-02-19

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

273.19 KB

Resource Type: 

text

Text quality: 

    • Good