KNDF ၏ ဖေဖော်ဝါရီလ ဒုတိယအပတ် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

ဖော်ပြချက်/အကြောင်းအရာ: 

"ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နံနက်အစောပိုင်း (၇း၁၅) နာရီ လွိုင်ကော်မြို့နယ်၊ နွားလဝိုး ကျေးရွာအုပ်စု၊ ဖာတီမာကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီ တပ်မတော် (KA) နှင့် KNDF တို့မှ ခုခံတိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲမှာ မနက် (၇း၁၅) နာရီမှ ညနေ (၁၆း၃၀) နာရီအထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖက်မှ (၇) ဦးသေဆုံးခဲ့ပြီး၊ အများအပြား ထိခိုက်ဒဏ်ရာရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တင့်ကားများ အသုံးပြုတိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ဖာတီမာနှင့် သုံးမိုင် (ပါကျဲ) ကျေးရွာများတွင် အရပ်သားပြည်သူနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်များ ကို မီးရှို့ဖျက်စီးခဲ့ပါသည်။ ထိုနေ့ မွန်းလွဲပိုင်း (၁၃း၃၀) ဖယ်ခုံမြို့နယ်၊ ခေါင်းမိုင်းကျေးရွာအနီး အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ် ဖက်မှ ထိခိုက်မှုများရှိခဲ့ပါသည်။ ထို့အတူ ဇန်နဝါရီ (၉) ရက်နေ့ ဖယ်ခုံမြို့နယ်၊ ပင်ပုံတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့ကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ တပ်ခိုက်ခဲ့ရာ စစ်ကောင်စီ ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အခြေစိုက် (ခလရ-၁၀၂) နှင့် ဒီးမော့ဆို ညောင်ကိုင်း အခြေစိုက် (ခမရ-၄၂၇) တပ်ရင်းများအပြင် ဒီးမော့ဆိုမြို့နယ်ရဲစခန်းတို့တွင် ကရင်နီတပ်မတော် (KA) ၊ KNDF နှင့် PDF အဖွဲ့များနှင့်အတူ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။ တိုက်ခိုက်မှုများမှာ မနက် (၃း၀၀) နာရီ၊ (၆း၀၀) နာရီနှင့် (၁၀း၀၀) နာရီတို့တွင် ပြင်းထန်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပါသည်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာရှိ ရေကန်အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် KNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဖော်ဖော်ဝါရီလ (၁၃) ရက် ညနေပိုင်းတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတွင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲများအတွင်းထိခိုက်ကျဆုံးမှုများကို အတည်ပြုနိုင်ခြင်းမရှိပါ။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညနေချိန်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ဒီးမော့ဆိုမြို့ ရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ သဖြင့် ပါဒေါဒူရပ်ကွက် အတွင်းရှိ နေအိမ်များပျက်စီးခဲ့ပါသည်။..."

ရင်းမြစ်: 

Karenni Nationalities Defense Force

Date of Publication: 

2022-02-15

Date of entry: 

2022-02-19

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

317.96 KB

Resource Type: 

text

Text quality: 

    • Good