ဖော်ပြချက်/အကြောင်းအရာ:
"၁။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင် ဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အများနည်းတူရရှိခံစားပိုင်ခွင့် ရရှိစေရေးအပြင် မသန်စွမ်းသူများ ကြုံတွေ့ခံစားနေရသော မညီမျှမှုများကို လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာ မသန်စွမ်းခေါင်းဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ တော်လှန်ရေးကာလ၊ ကြားကာလအတွင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် ပေးနိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသော "မသန်စွမ်းသူများ ခွင့်တူညီမျှ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ" (Myanmar Coordination Committee for Equal Rights of People with Disabilities – MCERP) နှင့် ညှိနှိုင်းဆွေးနွေးမှုများအရ မသန်စွမ်းသူများနှင့် ပတ်သက်သည့် အောက်ပါ လုပ်ငန်းစဥ်များကို လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည် ဖော်ဆောင်ရန် ကတိပြုအပ်ပါသည် -
(က) တော်လှန်ရေးကာလ၊ ကြားကာလအုပ်ချုပ်စီမံမှုများ၊ နောင်ကာလ နိုင်ငံတော်သစ် ပေါ်ပေါက်ရေး အတွက် ညှိနှိုင်းပုံဖော် ဆောင်ရွက်မှု များတွင် မသန်စွမ်းသူများတန်းတူပါဝင်နိုင်စေရေး၊
(ခ) ပြည်သူလူထုနှင့် ဆက်သွယ်ဆောင်ရွက်မှုများတွင် မသန်စွမ်းသူများအား ချန်လှပ်ခြင်း ရှိမနေစေရန် စီစဉ် ဆောင်ရွက်ပေးရေး၊
(ဂ) တော်လှန်ရေးကာလ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် ထောက်ပံ့ကူညီမှုများ၊ လူမှု ကာကွယ်စောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေးစီစဉ်ဆောင်ရွက်မှုများတွင် မသန်စွမ်းသူများ တန်းတူပါဝင်ခံစားရရှိနိုင်စေရေး၊
(ဃ) လူသားချင်းစာနာမှုအစီအစဥ်တိုင်းတွင် မသန်စွမ်းသူများအား ကျန်ရစ်မနေစေရန် စနစ်တကျ ဆောင်ရွက်ပေးရေး၊
(င) မသန်စွမ်းသူများ၏အချက်အလက်များကို ဒေသအလိုက် ရယူအသုံးပြုနိုင်စေရန် Mapping များပြုလုပ်ပြီး ဘေးအန္တရာယ်ကြုံတွေ့ရမှုများတွင် မသန်စွမ်းသူများကို ဦးစားပေး ကယ်ဆယ် ဆောင်ရွက်နိုင်စေရန် စီမံထားရှိပေးနိုင်ရေး၊
(စ) ဘေးအန္တရာယ်ကာကွယ်မှုဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို လျော့ကျ နိုင်ရန် သေချာစွာဆောင်ရွက်မည်ဖြစ်ပြီး ကာကွယ်ရေးပစ္စည်းများ၊ အဆောက်အဦများ၊ စနစ်များ၊ အစီအစဉ်များကို သေချာခိုင်မာစေရန် မူဝါဒရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊
(ဆ) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ဖက်ဒရယ်အခြေခံသော လူမှု-စီးပွား ကဏ္ဍစုံ မူဝါဒများ ရေးဆွဲနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရာတွင် မသန်စွမ်းသူများကို ချန်လှပ်ခြင်း မရှိစေရေး။..."
ရင်းမြစ်:
Ministry of Humanitarian Affairs and Disaster Management - NUG
Date of Publication:
2022-02-16
Date of entry:
2022-02-16
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
438.06 KB
Resource Type:
text
Text quality:
- Good
