National Unity Government: Ministry of Planning, Finance and Investment Announcement No.2/2022 - စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကြေညာချက် ( ၂ /၂၀၂၂)

ဖော်ပြချက်/အကြောင်းအရာ: 

"ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် အခွန်တံဆိပ်ခေါင်းများထုတ်ဝေမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာခြင်း။ ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာနိုင်ငံရုံးခွန်အက်ဥပဒေကို ၁၈၇၀ ပြည့်နှစ် အိန္ဒိယအက်ဥပဒေအမှတ် (၇) ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ၁၈၉၉ ခုနှစ် အိန္ဒိယအက်ဥပဒေအမှတ် (၂) ဖြင့်လည်းကောင်း စတင်ပြဌာန်း ကျင့်သုံးခဲ့ပါသည်။ ၂။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သော ပင်လုံ ညီလာခံ၌ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ယနေ့တွင် (၇၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၃။ ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နှင့် ၅၀၀၀၀ ကျပ်တန် အခွန်တံဆိပ်ခေါင်းများ စတင် ထုတ်ဝေရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ၄။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရနှင့်သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် တံဆိပ်ခေါင်းများကို ကပ်နှိပ်အသုံးပြုသွားရမည်ဖြစ်ပါသည်။ ၅။ အခွန်တံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် http://ird.nug-mm.net မှတဆင့် အသေးစိတ်စုံစမ်းဝယ်ယူနိုင်ပါသည်။ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2022-02-12

Date of entry: 

2022-02-12

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

184.11 KB

Text quality: 

    • Good