ဖော်ပြချက်/အကြောင်းအရာ:
"၁။ (၁၂-၁-၂၀၂၂) ရက်နေ့၊ နံနက် (၁) နာရီအချိန်ခန့်က KNU - ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒွယ်လိုးမြို့နယ်အတွင်းရှိ ဝါးခါဒဲနှင့် လယ်ထူဖိုး ဆေးရုံ/ဆေးပေးခန်းများ ဗုံးထိမှန်ပျက်စီးခဲ့ ကြောင်း သိရှိရပါသည်။
၂။ စစ်အာဏာသိမ်းသည့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၁၁-၂၀၂၁) ရက်နေ့အထိ (၁၀) လတာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစုစုပေါင်း (၃၅၅) ခုကို တိုက်ခိုက်ခြင်း၊ ကျန်းမာရေးလုပ်သား (၂၈၄) ဦးကို ဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်း (၁၁၃) ခုကို ဝင်ရောက်စီးနင်းလုယက်ခြင်းနှင့် ကျန်းမာရေးလုပ်သား (၃၁) ဦးကို သတ်ဖြတ်ခြင်းတို့အား ကျူးလွန်ခဲ့ကြောင်း Insecurity Insight အဖွဲ့၊ Physicians for Human Rights (PHR) အဖွဲ့နှင့် the Johns Hopkins University Center for Public Health and Human Rights (CPHHR) အဖွဲ့တို့က (၂၃-၁၂-၂၀၂၁) ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့ပါသည်။ (https://tinyurl.com/violenceagainsthealthcare)
၃။ အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်သား များအပေါ် အထက်ပါအတိုင်း ကျူးလွန်ရက်စက်နေသည်သာမက ကချင်၊ ကယား/ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ အစရှိသည့် မြန်မာနိုင်ငံဒေသအနှံ့အပြား တွင် အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ခြင်း၊ အိုးအိမ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးလုယက်ခြင်း စသော အကြမ်းဖက်လုပ်ရပ်များကို လူစိတ်မဲ့စွာ ဆက်တိုက်ကျူးလွန်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃-၁-၂၀၂၂) ရက်နေ့အတွင်း မြန်မာနိုင်ငံဒေသ အသီးသီးရှိ ပြည်သူ (၄) သိန်းနီးပါးခန့်မှာ မိမိတို့၏ နေရပ်အသီးသီးကိုစွန့်ခွာ၍ စစ်ဘေးရှောင် နေရလျက်ရှိပါသည်။ (https://tinyurl.com/unhcridpmyanmar)
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချလိုက်ပြီး ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အပါအဝင် ပြည်တွင်းဥပဒေများ၊ နိုင်ငံတကာဥပဒေများကို ပျက်ရယ်ပြု၊ ချိုးဖောက်နေသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် အချိန်မီထိရောက်စွာ တားဆီးအရေးယူကြ ပါရန် တောင်းဆိုထုတ်ပြန်အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-01-13
Date of entry:
2022-01-13
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
423.03 KB
Resource Type:
text
Text quality:
- Good
