Sub-title:
အာဏာသိမ်းပြီးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများ၏ မြေအရောင်းအဝယ်ဆိုင်ရာ လုပ်ဆောင်ချက်များအားလုံး တရားဝင်မှုမရှိကြောင်း ကြေညာခြင်
ဖော်ပြချက်/အကြောင်းအရာ:
"၁။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူထားသော၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တရားဝင်ကြေညာခြင်းခံထားရသော၊ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် မည်သည့်နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမရှိသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုသာဖြစ်သည်။
၂။ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီများသည် စည်ပင်သာယာ ပိုင်မြေများကို ရောင်းချခြင်း၊ ဂရံဖောက်ခြင်းများ စီစဉ်ဆောင်ရွက်နေကြောင်းသိရှိရသည်။ နိုင်ငံပိုင်မြေ၏ မူလပိုင်ရှင်သည် နိုင်ငံတော်တွင်မှီတင်းနေထိုင်ကြသော နိုင်ငံသူနိုင်ငံသားများဖြစ်သည့်အတွက် ပြည်သူလူထုအား ကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် အဆိုပါမြေများအား စီမံခန့်ခွဲ ရောင်းချပိုင်ခွင့် မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတိပေးအပ်ပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလအတွင်း နေပြည်တော်၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများက မြေကွက်များရောင်းချခြင်း၊ ဂရံထုတ်ပေးခြင်းများသည် တရားဝင်မှု လုံးဝမရှိသော ဆောင်ရွက်ချက်သာဖြစ်၍ အဆိုပါမြေကွက်များကို ဝယ်ယူခြင်း၊ ဂရံထုတ်ယူခြင်း၊ တဆင့်ရောင်းချခြင်းများ မပြုလုပ်ကြရန် တားမြစ်ပြီး ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ်ပြန်လည်ရောက်ရှိသည့် အချိန်ကာလတွင် အဆိုပါ မြေများအား ပြည်သူပိုင်မြေအဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကာ ဝယ်ယူသူများ၊ ရောင်းချသူများနှင့်တကွ ပူးပေါင်းဆောင်ရွက်သူများအားလုံးကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးလိုက်သည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-01-16
Date of entry:
2022-01-16
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
183.85 KB
Resource Type:
text
Text quality:
- Good
