ဖော်ပြချက်/အကြောင်းအရာ:
"ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်
(၁၃၈၃ ခုနှစ် ပြာသိုလဆန်း ၁ ရက်)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ (၁၄) ကြိမ်မြောက်ပါတီကွန်ဂရက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကြားသိရသဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။ ပါတီကွန်ဂရက်တွင်ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးက ပါတီဥက္ကဋ္ဌအဖြစ် ခူဦးရယ်ကို ရွေးချယ်တင်မြှောက်ကာ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအား ဖွဲ့စည်းအတည်ပြု ခဲ့ကြောင်းကြားသိရသဖြင့် ဥက္ကဋ္ဌနှင့်တကွအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ဝမ်းသာဂုဏ်ပြုပါကြောင်း ဖော်ပြလိုပါသည်။
စစ်အာဏာရှင်နှင့်အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ကရင်နီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် များစွာဝမ်းသာမိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ပါတီဥက္ကဋ္ဌခူဦးရယ်ဦးဆောင်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ နှင့် အတူလက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိပါကြောင်း သတင်းစကားပါးလိုပါသည်။ ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ ကရင်နီလူမျိုးများ အပေါ်အစုလိုက် သတ်ဖြတ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ နိုင်ငံတကာလူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှုဆိုင်ရာဥပဒေများကိုချိုးဖေါက်မှုများနှင့်ပတ်သက်၍လည်း များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ထပ်လောင်း ဖေါ်ပြလိုပါသည်။
၂၀၂၂ ခုနှစ်၊ နှစ်သစ်အခါသမယ မှသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ရှေ့လုပ်ငန်းစဉ်များ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2022-01-02
Date of entry:
2022-01-02
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
279.94 KB
Resource Type:
text
Text quality:
- Good
