ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ အရပ်သားပြည်သူ (၃၅)ဦးကျော်အား စစ်ကောင်စီတပ်ဖွဲ့များက လူမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်းနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် စစ်ကောင်စီတပ်မ (၆၆)၊ ခမရ(၁၀၈)ဉီးဆောင်သောတပ်များက အင်အားအလွန်အကျွံသုံး၍ စစ်ဆင်ရေးပြုလုပ်ကာ အပြစ်မဲ့အရပ်သားတို့၏ နေအိမ်များနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့အရပ်သား (၃၅) ဦးကျော်အား ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒန်ပါကား (၃)စီး၊ ကားငယ်(၄)စီး၊ ထော်လာဂျီနှင့် ဆိုင်ကယ်(၅)စီးတို့နှင့် အတူ လက်စဖျောက် မီးရှို့သတ်ဖြတ်ခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ ၂။ ထိုသို့ ဖျက်ဆီးမှုများနှင့် အကြမ်းဖက်မှုများကို တားဆီးရန်ကြိုးပမ်းခဲ့သော နယ်ခြားစောင့် တပ်ရင်း(၁၀၀၄)မှ တပ်ဖွဲ့ဝင် (၄) ဦးကိုလည်း ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ပါသည်။ ယခုကဲ့သို့လုပ်ဆောင်မှုများသည် လူသားမျိုးနွယ်စုအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူး လွန်သည့် ရက်စက်ကြမ်းကြုတ်မှုဖြစ်ပြီး ယခင်နှစ်ပေါင်း ၇၀ ကျော် အချိန်မှစ၍ ယခုအချိန်တိုင် ပြည်သူတို့အပေါ်၌ စစ်ကောင်စီတပ်များက ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ဖြစ်ပါသည်။ ၃။ ‌ခရစ်ယာန်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကျင်းပသည့် ကာလ၌ပင် ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၀င်များက ကျူးလွန်ခဲ့သည့် လူမဆန်သော အကြမ်းဖက်လုပ်ရပ် များသည် မတရားလုယူထားသည့် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွား မထိခိုက်ရေး နိုင်ငံတ၀ှမ်းရှိ လူနည်းစုတိုင်းရင်းသားများအပါအ၀င် အပြစ်မဲ့ပြည်သူပြည်သားများအပေါ်၌ ပိုမို ရက်စက်ကြမ်းကြုတ်သည့် လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်မည့် သဘောထားပင် ဖြစ်ပါသည်။ ၄။ အာဏာသိမ်းစစ်ကောင်စီသည် ပြည်တွင်း ဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့် ကျင့်၀တ် များကိုသာမက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းပါအချက်များကိုပါ ပြောင်ပြောင် တင်းတင်း ချိုးဖောက်လျက်ရှိပြီး ပြည်သူတို့အပေါ်၌ အကြမ်းဖက်လုပ်ရပ်များ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာ အသိုက် အ၀န်းက မြန်မာပြည်သူတို့၏ အသက်ရှင်သန်ခွင့်နှင့် လူ့အခွင့်အရေးတို့အတွက် ကာကွယ်ပေးရန် အမြန်ဆုံးနှင့် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ပါသည်။ ၅။ ထိတ်လန့်ဖွယ် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် အရပ်သားပြည်သူများနှင့် မိသားစုတို့အတွက် များစွာ ထိခိုက်ကြေကွဲရပြီး စစ်ကောင်စီတပ်ဖွဲ့များက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားနိုင်ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် နိုင်ငံတကာအသိုက်အ၀န်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-12-26

Date of entry: 

2021-12-26

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

288.62 KB

Resource Type: 

text

Text quality: 

    • Good