ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်သည့် ယေရှုခရစ်တော် ဖွားမြင်သောနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ခရစ္စမတ်ပွဲတော် အခါသမယတွင် ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားများနှင့်မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားအားလုံးတို့သည် ဘုရားသခင်၏ကောင်းချီး ပေးမှုနှင့်အတူ ချစ်ခြင်းမေတ္တာတရား၊ ငြိမ်းချမ်းခြင်းတို့ အပြည့်အဝရရှိပြီး စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ ယခင်နှစ်များက နိုင်ငံအတွင်းရှိဘာသာအသီးသီး၏ဘာသာရေးပွဲတော်များကို တိုင်းရင်းသား ပေါင်းစုံက အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြမြဲဖြစ်သော်လည်း အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံတစ်ဝှမ်း၌ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များဖြင့် ဖိနှိပ်နေမှုများကြောင့် ယခုနှစ် ခရစ္စမတ်ပွဲတော်၏အနှစ်သာရနှင့်ပျော်ရွှင်မှုတို့ ပျောက်ဆုံးခဲ့ရသည့်အတွက် များစွာစိတ်မကောင်း ဖြစ်ရပါသည်။ ကရင်၊ ကယား၊ ချင်းပြည်နယ်နှင့် နိုင်ငံတစ်ဝှမ်းရှိ ခရစ်ယာန်တိုင်းရင်းသားများ သည်လည်း အခြားသော တိုင်းရင်းသားများကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်းနှင့်နေအိမ်များ မီးရှို့ ဖျက်ဆီးခံရ၍ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းများ ကြုံတွေ့ခံစားရလျက်ရှိပါသည်။
၃။ မြန်မာ့နွေဉီးတော်လှန်ရေးတွင် အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းဖိနှိပ်မှုကို လက်မခံဘဲ ရဲရဲဝံ့ဝံ့ စတင်ခုခံတော်လှန်ခဲ့ကြပြီး ယနေ့ထက်တိုင် ကဏ္ဍပေါင်းစုံမှ ရရာနည်းလမ်း များဖြင့်ဆန့်ကျင်တော်လှန်နေကြသော ခရစ်ယာန်တိုင်းရင်းသားတို့၏ပါဝင်မှုသည် တန်ဖိုးမဖြတ် နိုင်သည့် တော်လှန်ရေးအင်အားစုဖြစ်သည်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၄။ လူမျိုးနှင့်ကိုးကွယ်ယုံကြည်မှု မတူညီကြသော်လည်း မြန်မာနိုင်ငံ၏ ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်ကောင်စီကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင် ရေးတို့အား ဘုံရည်မှန်းချက်တစ်ခုအဖြစ် ရပ်တည်ကာ ဆန့်ကျင်တော်လှန်ခဲ့ခြင်းကြောင့် အတိုင်း အတာတစ်ခုထိ မှတ်တိုင်ထူနိုင်ခဲ့ခြင်းသည် ပြည်တွင်းပြည်ပရှိ မတူကွဲပြားသည့် တော်လှန်ရေး အင်အားစုအားလုံး၏ စည်းလုံးညီညွတ်မှုနှင့်အတူတကွ လက်တွဲကြိုးပမ်းမှုကြောင့် ဖြစ်ပါသည်။
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးပြီး အရောင်အသွေးစုံလင်သည့် ဘာသာဝင်အားလုံးအတွက် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး အင်အားစုအသီးသီးနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးကလည်း ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းကြပါရန် တိုက်တွန်းနှိုးဆော်ရင်း ဤခရစ္စမတ်နေ့သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw (CRPH)
Date of Publication:
2021-12-25
Date of entry:
2021-12-26
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
208.2 KB
Resource Type:
text
Text quality:
- Good
