ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့သည် ပြည်ထောင်စုဖွား တအာင်းလူမျိုးတို့၏ (၂၇၁၃) နှစ်မြောက်နှစ်သစ်ကူးနေ့ဖြစ်သည်။ ဤ မင်္ဂလာရှိသောနှစ်သစ်ကူးနေ့ရက်အချိန်အခါသမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းတွင်သာမက ကမ္ဘာ့ နိုင်ငံအသီးသီးတွင်ရောက်ရှိနေထိုင်နေကြသည့် တအာင်းအမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက်နှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ တအာင်းလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ အခြားသောလူနည်းစုတိုင်းရင်းသားလူမျိုးများ ကဲ့သို့ပင် လူမျိုး မတူကွဲပြားမှုကိုအကြောင်းပြု၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်တွင် မျိုးစုံသော ခွဲခြားဘေးဖယ် ခံရမှုများကြောင့် ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးအတွက် စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်နေကြသည်ကို တွေ့ရှိရပါသည်။
၃။ ယခုအချိန်သည် တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြီး အာဏာသိမ်းယူမှုကိုလက်မခံ ငြင်းဆန်ကြသည့် နိုင်ငံသူနိုင်ငံသားများအပေါ် တရားမဲ့ပြုမှုဆောင်ရွက်ချက်များကြောင့် တအာင်းလူမျိုးများ အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း လုံခြုံငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ ပျောက်ဆုံးကင်းမဲ့ခဲ့ရကာ စစ်ကောင်စီ၏လူမဆန်သောရက်စက်ကြမ်းကြုတ်မှု များကြောင့် တိုင်းရင်းသားများအားလုံးစိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲညိုးငယ်စွာနေထိုင်နေကြရသည့် အချိန်ကာလ ဖြစ်သည်။
၄။ ဤတအာင်းနှစ်သစ်ကူးနေ့ရက်တွင် တအာင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ လက်လွတ် ပျောက်ဆုံးခဲ့ရသောလုံခြုံငြိမ်းချမ်းမှု၊ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာမျှော်မှန်းချက်များ ဖြစ် ထွန်းရှင်သန်လာနိုင်ပါစေကြောင်းနှင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပြည်သူ့လွတ်မြောက်ရေးအတွက် ခုခံတွန်း လှန်စစ်ဆင်နွဲနေကြသည့် တအာင်းဒေသအပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူများအားလုံး တစ်ခဲနက် အောင်မြင်မှု များရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤဂုဏ်ပြုနုတ်ခွန်းဆက်သဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2021-12-24
Date of entry:
2021-12-24
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
309.02 KB
Resource Type:
text
Text quality:
- Good
