အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ကလေးတက္ကသိုလ် (ယာယီတက္ကသိုလ်အုပ်ချူပ်ရေးကောင်စီ) ကြေညာချက်(၁၉/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"ကလေးတက္ကသိုလ်ရှိ CDM ပြည်သူ့ဝန်ထမ်းများထံ တတိယအကြိမ်ထောက်ပံ့ချီးမြှင့်ကြောင်းကြေညာခြင်း ၁။ ကလေးတက္ကသိုလ်ရှိ CDM ပြည်သူ့ဝန်ထမ်းများကို၊၂၀၂၁ခုနှစ် ဇွန်လတွင် ပထမအကြိမ်ထောက်ပံ့နိုင်ခဲ့ပါသည်။ဒုတိယအကြိမ်ကို ဩဂုတ်လတွင်ထောက်ပံ့ရန် လျာထားခဲ့သော်လည်း၊အကြောင်းအမျိုးမျိုးကြောင့်ဖျက်သိမ်းခဲ့ရပါသည်။ သိုသော် Kalay University CDM Support Team (KUCST)အနေဖြင့် CDM သူရဲကောင်းများကိုဆက်လက်ထောက်ပံ့နိုင်ရန် အရှိန်အဟုန်ကြိုးစားခဲ့ရပါသည်။ဘာသာရပ်အလိုက် CDM အထောက်အကူပြုအဖွဲ့များ၊ပြည်ပရောက်ကျောင်းသားဟောင်းများနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်မိဘပြည်သူများမှ ပူးပေါင်းပါဝင်ပေးမှုကြောင့် တတိယအကြိမ်ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ပါသည်။ ၂။ တတိယအကြိမ် CDM ထောက်ပံ့မှုစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၃။ CDM ထောက်ပံ့မှုတွင် ပါဝင်လှူဒါန်းပေးကြသောကျောင်းသားပြည်သူများ၊သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အလှူရှင်တစ်ဦးချင်းစီအား Kalay University CDM Support Team (KUCST)အနေနှင့်ကျေးဇူးတင်ရှိပါသည်။ စတုတ္ထအကြိမ် CDM ထောက်ပံ့မှုတွင်လည်း ဆက်လက်ပါဝင်ပေးကြပါရန် အလေးအနက်တိုက်တွန်းအပ််ပါသည်။ “ ပြည်သူသာလျှင်….ပဓာန” “အရေးတော်ပုံ….မုချအောင်ရမည်” ယာယီတက္ကသိုလ်အုပ်ချူပ်ရေးကောင်စီ ကလေးတက္ကသိုလ် ဖြန့်ဝေခြင်း- (၁)CDM ပြည်သူ့ဝန်ထမ်းများ၊ကလေးတက္ကသိုလ် (၂)ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ) (၃)ဘာသာရပ်အလိုက် CDM အထောက်အကူပြုအဖွဲ့များ မိတ်တူကို- (၁)ပညာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ (၂)ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) (၃)စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (၄)ရုံးလက်ခံ/မျှော ။..."

ရင်းမြစ်: 

Kalay University - Interim Administrative council

Date of Publication: 

2021-12-17

Date of entry: 

2021-12-19

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

231.52 KB

Resource Type: 

text

Text quality: 

    • Good