ဖော်ပြချက်/အကြောင်းအရာ:
"ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင် စစ်ဆင်ရေး ၃ ခုကိုဆောင်ရွက်နိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဒီဇင်ဘာလ ၁၆ ည ၇ နာရီမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က ရဲစခန်းနဲ့ ခရမ်းမြို့ ဘုရားပျိုရဲစခန်းအပြင် ခရမ်းအားကစားရုံဝန်းက အကြမ်းဖက် စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာကို အဲဒီနေ့ ည ၉ နာရီ ဝန်းကျင်မှာပဲ မမ ၄၀ ဗုံး ပစ်ခွဲတိုက်ခတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါအပြင် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်-ပြည်လမ်းမကြီး လှည်းငုတ်ချောင်းမြို့ဝင်ကြေးဂိတ်အနီး အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ရှိရန်ကုန်တိုင်းအဆင့် ဝန်ကြီး တစ်ဦးလိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရှိခဲ့တယ်လို့
ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုပါတယ်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2021-12-17
Date of entry:
2021-12-17
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
143.96 KB
Text quality:
- Good
