ဖော်ပြချက်/အကြောင်းအရာ:
"အမည်ပျက်စာရင်းကြေညာခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့်အချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်း မပြုကြရန် နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ဆောင်ရွက်ကြရန် အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။ ပညာရှိတရားသူကြီးများအနေဖြင့် ပြည်သူ့ဘက်မှရပ်တည်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အား အချိန်မီ လုပ်ဆောင်နိုင်ပါရန် တရားရေးဝန်ကြီးဌာနက ယခုအချိန်ထိတိုင် ဆက်လက်ဖိတ်ခေါ်ကမ်းလှမ်းလျှက် ရှိပါသည်။
၂။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူခဲ့သည့် ဖြစ်ရပ်သည် ဥပဒေနှင့်ညီညွတ်ခြင်း (လုံးဝ) မရှိ ဆိုသည့်အချက်ကို ဥပဒေပညာရှင်များဖြစ်သည့် တရားသူကြီးများအနေဖြင့် အသိရှိနိုင်ဆုံးဖြစ်ပါလျှက် ယခုကဲ့သို့ တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာမဲ့စွာဖြင့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းသည် တရားသူကြီးများထားရှိရမည့် ကျင့်ဝတ်သိက္ခာများအား ဖောက်ဖျက်ကျူးလွန်သည့် အကျင့်ပျက်တရားသူကြီးများအဖြစ် သမိုင်းမှတ်တမ်းတင် ကျန်ရစ်နေမည် ဖြစ်ပါသည်။
၃။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများ၊ တရားရေးအရာရှိများ အပါအဝင် အရာထမ်း၊ အမှုထမ်းများသည် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းသည် စစ်အာဏာသိမ်းမှုအား အားပေးကူညီသည့်ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်။
၄။ ထို့ပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်နေကြသည့် ဝန်ထမ်းများအပေါ် ဖိနှိပ် အရေးယူခြင်းများ နှင့် အပြစ်မဲ့ ပြည်သူများအပေါ် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် အမိန့်များချမှတ်နေသည့် တရားသူကြီးများအား တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တစ်ပါတည်း သတိပေးလိုက်သည်။
၅။ မတရားဖမ်းဆီးခံထားရသည့် ပြည်သူများ၏အမှုများအပေါ် တရားစီရင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် အဓိကတာဝန်အရှိဆုံးဖြစ်သည့် အောက်ဖော်ပြပါ အကျင့်ပျက်တရားရေးဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၄၁ အရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်ပြီး ပြည်သူ့သစ္စာဖောက်ဝန်ထမ်းများအဖြစ် အမည်ပျက်စာရင်း ထုတ်ပြန်ကြေညာလိုက်သည်။..."
ရင်းမြစ်:
Ministry of Justice
Date of Publication:
2021-12-20
Date of entry:
2021-12-20
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
352.7 KB
Resource Type:
text
Text quality:
- Good
