ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၊ ယနေ့နံနက် ၈နာရီဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်၌ ငြိမ်းချမ်းစွာဆန္ဒပြချီတက်လာသော စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်စွာကားဖြင့် ဝင်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် ဆန္ဒပြလူငယ် ၅ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၅ ဦးခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါသည်။
၂။ အဆိုပါအကြမ်းဖက်မှု၌ အများအပြားပြင်းထန်သော ဒဏ်ရာရရှိခဲ့ပြီး ရိုက်နှက်ခြင်း၊ ခြေထောက် ဖြင့် ကန်ကျောက်ခြင်း၊ သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဆေးကုသခွင့် မရရှိဘဲ စစ်ကြောရေးစခန်းများသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် လူမဆန်သော ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထု တစ်ရပ်လုံးနှင့်ထပ်တူ များစွာဝမ်းနည်းကြေကွဲရပါသည်။
၃။ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့သည် နိုင်ငံသားတို့၏ အခြေခံအခွင့် အရေးတစ်ရပ်ဖြစ်ပြီး ယခုကဲ့သို့ အပြစ်မဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ဆောင်ရွက်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ပါသည်။
၄။ ယခုကဲ့သို့သော လူမဆန်သော ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေကြသည့် အကြမ်းဖက်စစ်ကောင်စီနှင့်လက်ပါးစေများအား ပြင်းပြင်းထန်ထန် ရှုံ့ချပါကြောင်းနှင့် ၎င်းတို့အား သံတမန်ရေးနည်းလမ်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရေး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw (CRPH)
Date of Publication:
2021-12-05
Date of entry:
2021-12-05
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
96.45 KB
Resource Type:
text
Text quality:
- Good
