ဖော်ပြချက်/အကြောင်းအရာ:
"ဝန်ထမ်းသစ်များ ခန့်ထားခြင်း၊ ရာထူးတိုးပေးခြင်းများနှင့်စပ်လျဉ်း၍ ကြေညာချက်
ကြေညာချက် (၉ / ၂၀၂၁)
၃ ရက်၊ နိုဝင်ဘာလ ၂၀၂၁ ခုနှစ်
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထုရွေးကောက်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရထံမှ ပြည်သူ့ အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယက် အာဏာသိမ်းယူခဲ့ပါသည်။ ယင်းသို့အာဏာ သိမ်းယူပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ စစ်ကျွန်ယန္တရားဖြစ်သည့် မီးသတ်ဦးစီးဌာန၏ လစ်လပ်လျက်ရှိသော အမှုထမ်းနှင့် အရာထမ်းရာထူးနေရာများတွင် ဖြည့်တင်းခန့်ထားရေးအတွက် ဝန်ထမ်းသစ်များ ခန့်ထားခြင်းနှင့် ရာထူးတိုးခြင်းများဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
၂။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ မီးသတ်ဦးစီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဝန်ထမ်းသစ်များ ခန့်ထားခြင်းနှင့် ရာထူးတိုးခြင်းများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အနေဖြင့် လုံးဝ(လုံးဝ) အသိအမှတ်မပြုကြောင်း အသိပေးကြေညာလိုက်သည်။..."
ရင်းမြစ်:
Ministry of Home Affairs and Immigration - Myanmar
Date of Publication:
2021-11-03
Date of entry:
2021-11-17
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
170.08 KB
Resource Type:
text
Text quality:
- Good
