Ministry of Home Affairs and Immigration: Announcement No.7/2021 - ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၇/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"ဝန်ထမ်းသစ်များခေါ်ယူ၊ရွေးချယ်၊ ခန့်ထားခြင်းများနှင့် စပ်လျဉ်း၍ ကြေညာချက် ကြေညာချက်အမှတ် (၇/၂၀၂၁) ၂၉ ရက်၊ အောက်တိုဘာလ ၂၀၂၁ ခုနှစ် ၁။ ၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထုရွေးကောက်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရထံမှ ပြည်သူ့ အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယက် အာဏာသိမ်းယူခဲ့ပါသည်။ ယင်းသို့ အာဏာသိမ်းယူပြီးသည့်နောက် အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ စစ်ကျွန်ယန္တရား ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် လစ်လပ်နေသော လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး၊ အငယ်တန်းစာရေး၊ ဒုတိယလက်ထောက်ကွန်ပြူတာ လုပ်ဆောင်ရေးမှူး၊ ယာဉ်မောင်း-၅၊ အမှုတွဲထိန်း၊ အစောင့်၊ ရုံးအကူ ရာထူးများဖြင့် လစ်လပ်နေရာ (၁၉၄၅) နေရာအတွက် ဝန်ထမ်းသစ်များ ခန့်ထားခဲ့ကြောင်းတွေ့ရှိရပါသည်။ ၂။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လစ်လပ်ရာထူးနေရာများအတွက် ဝန်ထမ်းသစ်များခေါ်ယူ၊ ရွေးချယ်၊ ခန့်ထားမှု များနှင့် ခန့်ထားခံရသော ဝန်ထမ်းသစ်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အနေဖြင့် လုံးဝ(လုံးဝ) အသိအမှတ်မပြုကြောင်း အသိပေး ကြေညာလိုက်သည်။ ပုံ လွင်ကိုလတ် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2021-10-29

Date of entry: 

2021-10-30

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

185.18 KB

Resource Type: 

text

Text quality: 

    • Good