ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက် လုပ်ရပ်များနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက် ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း စစ်ကောင်စီတပ်များ၏ အကြမ်းဖက် လုပ်ရပ်များနှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက် ၁။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အရပ်သားပြည်သူများ၏ နေအိမ် ၁၅၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံများ မီးလောင် ပျက်စီး သွားကြောင်း သိရှိပါသည်။ ၂။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။ ၃။ ချင်းပြည်နယ်အတွင်းရှိ အရပ်သားပြည်သူများ၊ အမျိုးသမီးနှင့် ကလေးသူများသည် စစ်ဘေး ဒဏ်ပြင်းထန်စွာခံစားရလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက် လုပ်ရပ်များ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ရှုံ့ချပြီး အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် အသိပေးအပ်သည်။ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လိုအပ်သည့် အရေးယူဆောင် ရွက်မှုများ ပြုလုပ်နိုင်ရေး ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းနှင့် ချင်းပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူများအတွက် ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းအပ်ပါသည်။.."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-10-30

Date of entry: 

2021-10-31

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Administrative areas of Burma/Myanmar: 

Chin State

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

235.13 KB

Resource Type: 

text

Text quality: 

    • Good