ဖော်ပြချက်/အကြောင်းအရာ:
"၁။ မြန်မာနိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်မြောက်ဒေသ တခုလုံးအား ကြီးမားသည့်ထိုးစစ်ဆင်ဖို့အတွက်
မြန်မာစစ်တပ်သည် “အနော်ရထာစစ်ဆင်ရေး”1 ဟုခေါ်ဆိုသော စစ်ဆင်ရေးတရပ်ကို ပြင်ဆင်ဆောင်ရွက်
နေသည်ကို တွေ့ရသည်။2 ဤစစ်ဆင်ရေးကြောင့် ယင်းဒေသအတွင်းနေထိုင်သည့် လူထုများအနေဖြင့်
ရက်စက်ကြမ်းကြုတ်သည့် နိုင်ငံတကာအဆင့်ရှိပြစ်မှုကြီးများ (လူသားဖြစ်မှုကို ဆန့်ကျင်သောပြစ်မှု၊ လူမျိုးတုံး
သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု) မလွှဲမသွေ ရင်ဆိုင်ကြုံတွေ့ လာရနိုင်ဖွယ်ရှိသည်။
၂။ ခေတ်အဆက်ဆက် မြန်မာစစ်တပ်၏ စစ်ရေးမဟာဗျူဟာအရ ဒေသတခုခုအား စစ်ဆင်ရေးနယ်မြေ
အဖြစ်သတ်မှတ်သည့်အခါ အခြားဒေသများ၌ စစ်ရေးလှုပ်ရှားမှု၊ တိုက်ပွဲဖော်ဆောင်မှုများကို လုံးဝနီးပါး
သို့မဟုတ် လုံးဝ ဆိုင်းငံ့ထားပြီး စစ်ဆင်ရေးများကို ဖော်ဆောင်လေ့ရှိသည်။3 ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီ၌
1 ဒေသကာကွယ်ရေးတပ် PDF တွေ ကြုံလာရမယ့် အနော်ရထာ စစ်ဆင်ရေး။ အောက်တိုဘာ ၁၉ BBC သတင်းဌာန။
https://www.bbc.com/burmese/burma-58976376?fbclid=IwAR1dbUcKxa1Ztxl629naJ5a6Nagam7ErrRGesUa5xwKq-
1nlue3m_nyn80
2 ပလက်ဝဘက်မှ စစ်ကောင်စီတပ်များ ကန်ပက်လက်၊ မင်းတပ်နှင့် စစ်ကိုင်တိုင်းဘက်သို့ ရေ့ေွှ ပြာင်း။ ပလက်ဝမြို့တွင ်
ယာယီတပ်စွဲထားသည့် တပ်မ (၁၁) ၊ (၅၅) နှင့် (၇၇) မှ လက်အောက်ခံတပ်ရင်းတချို့ စက်တင်ဘာလ (၁၉) ရက်က
စစ်ကားအစီး ၃၀ ကျော်ဖြင့် ပလက်ဝမြို့ ကင်းချောင်းဝမှတဆင့် ဆမိးလမ်းကြောင်း အတိုင်း ကန်ပက်လက် မြို့ဘက်ခြမ်းသို့
တက်သွားကြသည်။ Mizzima သတင်းဌာန။ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာ ၂၁ရက်။
https://www.facebook.com/216265185075061/posts/4793130514055149/?sfnsn=mo
Myanmar: UN expert fears spike in atrocities amid reports of troops massing in north
https://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?LangID=E&NewsID=27693
3 ၁၉၈၀ ကာလနောက်ပိုင်း မြန်မာစစ်တပ်က ဗကပကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းဖို့အတွက် ကေအိုင်အိုအပါအဝင်
မြန်မာပြည် တောင်ပိုင်းအခြေပြုလှုပ်ရှားသည့် တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့များနှင့် ဆွေးနွေးပွဲအတုများ ပြုလုပ် ကျင်းပခဲ့ပြီး
စစ်ရှိန်လျော့ချခဲ့သည်။ ၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲသွားပြီးနောက်၊ မြန်မာစစ်တပ်က မြန်မာပြည်မြောက်ပိုင်းရှိ
တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့များနှင့် တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲမှုများပြုလုပ်ခဲ့ပြီး မြန်မာပြည်တောင်ပိုင်း အခြေစိုက်
တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့များအား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၂၀၁၁ ခုနှစ် ကချင်ပြည်နယ် နှင့်
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ကေအိုင်အိုနှင့် တကျော့ပြန် စစ်ပွဲဖြစ်သည့်အခါ မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသား
ခုခံစစ်ဆင်အဖွဲ့များနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲမှုများပြုလုပ်ခဲ့သည်။ မြန်မာစစ်တပ်သည် ၂၀၁၈ ခုနှစ် နောက်ပိုင်း
မြန်မာပြည် အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော် (အေအေ) အား အပြင်းအထန် ထိုးစစ်ဆင်နွှဲသည့်အခါ
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသအား ကြီးမားသည့် အနော်ရထာစစ်ဆင်ရေး မစတင်မှီ
မြန်မာပြည်ရဲ့ အရှေ့မြောက်ဖျားဒေသ၊ အနောက်ဘက်ဒေသများ၌ အခြေပြုလှုပ်ရှားသည့် တိုင်းရင်းသား
ခုခံစစ်ဆင်အဖွဲ့တချို့နှင့်တွေ့ဆုံပြီး4 စစ်ရေးလှုပ်ရှားမှု လုံးဝနီးပါး ဆိုင်းငံ့ထားနိုင်ခဲ့သည်။5 ဤသည်မှာ
ခွဲခြားဆက်ဆံမှုအခြေခံကနေ ဖိနှိပ်တဲ့ စစ်ဆင်ရေးများကို ဖော်ဆောင်နေခြင်းသာ ဖြစ်သည်။
၃။ နိုင်ငံတကာစစ်ဥပဒေ (ဂျီနီဗာကွန်ဗင်းရှင်း) ကို ဆန့်ကျင်ပြီး သာလွန်စစ်အင်းအားအသုံးပြု6၍
အရပ်သားလူထုအပေါ် သိမ်းကျုံးတိုက်ခိုက်7 လာနိုင်သည့် မြန်မာစစ်တပ်၏ အနော်ရထာစစ်ဆင်ရေးအား
ဥပဒေအထောက်အကူပြုကွန်ရက် အနေဖြင့် အပြင်းအထန်ကန့်ကွက်လိုက်သည်။
၄။ မြန်မာစစ်တပ်၏ စစ်ဆင်ရေးကြောင့် ယင်းဒေသအတွင်းနေထိုင်သော ဒေသခံပြည်သူလူထုများက
ရက်စက်ကြမ်းကြုတ်သည့် နိုင်ငံတကာအဆင့်ရှိပြစ်မှုကြီးများမလွှဲမသွေ ရင်ဆိုင်ကြုံတွေ့ လာရနိုင်သည်။
ယင်းသို့သော အခြေအနေဆိုးများမှ ကြိုတင်ကာကွယ်မှု ပေးနိုင်ရေးအတွက် အင်အားစု အသီးသီးထံသို့
အောက်ပါအတိုင်း တိုက်တွန်းတောင်းဆိုပါသည်။
(က) လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း လိုက်နာရမည့် ဂျီနီဗာကွန်းဗင်းရှင်း
အား အပြည့်အဝလေးစားလိုက်နာဖို့ တိုက်တွန်းတောင်းဆိုပါသည်။
(ခ) စစ်ဆင်ရေးဒေသအတွင်းနေထိုင်သည့် အရပ်သားပြည်သူများရဲ့ အသက်လုံခြုံမှုနှင့် လူသားချင်းစာနာ
ထောက်ထားမှုအကူအညီများရရှိနိုင်ရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ အပါအဝင် ဒေသ
အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့များနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များအနေဖြင့် ကြိုတင်ပြင်ဆင်
ဆောင်ရွက်ထားနိုင်ဖို့ တိုက်တွန်းအပ်ပါသည်။
(ဂ) နိုင်ငံတကာအဆင့် ဆိုးဝါးပြင်းထန်သည့် ပြစ်မှုကြီးများအား ကျူးလွန်သူများကို ပြည်တွင်းနှင့်
နိုင်ငံတကာအဆင့်တရားရုံးများ၌ ထိရောက်စွာအပြစ်ပေး အရေးယူနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ
ဥပဒေအဖွဲ့အစည်းများ၊ လူထုအသင်းအဖွဲ့များ၊ သတင်း မီဒီယာများနှင့် အင်းအားစုအသီးသီးတို့
မြန်မာပြည် တောင်ပိုင်းတွင် လုံးဝ အပစ်အခတ်ရပ်စဲထားနိုင်ပြီး မြန်မာပြည်မြောက်ပိုင်းအား ပစ်ခတ်တိုက်ခိုက်မှု
အရှိန်လျော့ချထားနိုင်ခဲ့သည်။
4 အာဏာသိမ်းပြီးနောက် ဧပြီလ (၇) (၈) ရက်နေ့တွင် မြန်မာစစ်တပ်သည် မြန်မာပြည်အရှေ့မြောက်ဖျားဒေသရှိ
အင်းအားကြီး လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ဝသပ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့နှင့်တွေ့ဆုံခဲ့ကြသည်။
<https://www.irrawaddy.com/news/burma/myanmar-regime-shores-ties-two-powerful-northern-ethnicarmies.
html>
အာဏာသိမ်းစစ်ကောင်စီအုပ်စုသည် ဝ အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် ဆက်တိုက်တွေ့ဆုံ။
<https://burmese.shannews.org/archives/21591>
5 မြန်မာစစ်တပ်သည် မြန်ပြည်အရှေ့မြောက်ဖျားဒေသရှိ အင်းအားကြီးတိုင်းရင်းသားလက်နက်ကိုင်များနှင့် လွန်ခဲ့သည့်
နှစ်ပေါင်း သုံးဆယ်ကျော် ကတည်းက အပစ်အခတ်ရပ်စဲထားနိုင်ခဲ့သည့်အပြင် မြန်မာပြည်အနောက်ဘက်ခြမ်း၌ ၎င်းတို့အား
စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်နှင့်လည်း ၂၀၂၀ နှစ်ကုန်းပိုင်း မှစပြီး
အပစ်အခတ် ရပ်စဲထားနိုင်ခဲ့သည်။
6 The principle of proportionality in attack.
7 Indiscriminate attack.
အနေဖြင့် လိုအပ်သောစီစဉ်ဆောင်ရွက်မှုများကို ချမှတ်ဖော်ဆောင်နိုင်ဖို့ တိုက်တွန်း တောင်းဆို
အပ်ပါသည်။
(ဃ) တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ခေတ်
အဆက်ဆက် မြန်မာစစ်တပ်၏ ခွဲခြားဆက်ဆံမှုအခြေခံကနေ ဖော်ဆောင်နေသည့် ဖိနှိပ်သော
မဟာဗျူဟာစစ်ဆင်ရေးအား တညီတညွှတ်တည်း ခုခံတွန်းလှန်ကြဖို့ တိုက်တွန်းတောင်းဆို အပ်ပါ
သည်။
(င) မြန်မာစစ်တပ်အား ဘဏ္ဍာရေး၊ စစ်လက်နက်၊ နည်းပညာ နှင့် သံတမန်ရေးအရ တနည်းတဖုံဖြင့်
ထောက်ပံ့ပေးနေသည့် နိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ အစုအဖွဲ့များ နှင့် လူပုဂ္ဂိိုလ်များ
အနေဖြင့် မြန်မာစစ်တပ်နှင့် လုံးဝ အဆက်အသွယ်မပြုလုပ်ကြဖို့ တိုက်တွန်းသည်။
ဥပဒေအထောက်အကူပြုကွန်ရက်..."
ရင်းမြစ်:
Legal Aid Network
Date of Publication:
2021-10-28
Date of entry:
2021-10-29
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
258.1 KB
Resource Type:
text
Text quality:
- Good
