National Unity Government: Ministry of Planning, Finance and Investment Announcement No.12/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၁၂/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးတော်လှန်ရေး အထူးငွေတိုက် စာချုပ်များအား ဥပဒေနှင့်အညီ ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာခြင်း။ ၁။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ အား အတည်ပြုပြဌာန်း ခဲ့ပြီးဖြစ်သည်။ ၂။ အဆိုပါ ပြင်ဆင်သည့် ဥပဒေပုဒ်မ ၁၆ နှင့်အညီ နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ်များရောင်းချခွင့်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂၈) က သဘောတူခွင့်ပြုခဲ့ပြီးဖြစ်သည်။ ၃။ နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များ၏ သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဖိုး နှင့်ညီမျှသော အတိုးမဲ့စာချုပ်များအဖြစ် ထုတ်ဝေရောင်းချ သွားမည်ဖြစ်သည်။ ၄။ ကမ္ဘာ့သမိုင်းတွင် ယခုကဲ့သို့ အထူးငွေတိုက်စာချုပ်များအား တော်လှန်ရေးအစိုးရတစ်ရပ်က အတိုးမဲ့ ထုတ်ဝေရောင်းချခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားသည့် မြန်မာပြည်သူ များက စစ်အာဏာရှင်ကို အဆုံးစွန် ဆန့်ကျင်အာခံတော်လှန်ခဲ့သည့် သမိုင်းမော်ကွန်းအဖြစ် ခမ်းနားစွာထင်ရှား ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ၅။ သို့ပါ၍ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်ချုပ်ငြိမ်းသွားစေရေးကို ပြင်းပြသော ဆန္ဒနှင့် လိုလားတောင့်တလျက်ရှိသူတိုင်း နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို တော်လှန်ရေး အောင်စိတ်ဖြင့် မဖြစ်မနေ ဝယ်ယူကြပါရန် လေးနက်စွာ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။ ၆။ စတင်ရောင်းချမည့် နေ့ရက်၊ ဝယ်ယူနိုင်သည့် နည်းလမ်းများနှင့် အသေးစိတ်စည်းမျဉ်းစည်းကမ်းများအား ထပ်မံ၍ ကြိုတင် အသိပေးထုတ်ပြန်ပေးသွားပါမည်။..."

ရင်းမြစ်: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-10-27

Date of entry: 

2021-10-27

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

85.27 KB

Resource Type: 

text