ဖော်ပြချက်/အကြောင်းအရာ:
"26 October 2021
On October 18, the military junta announced they would release 1,316 sentenced detainees and 4,320 more facing trial, i.e., a total of 5,636 civilians were promised to be released. However, according to AAPP documentation, as of October 25, only 4,065 victims have been released, 480 of whom have been identified.
In the past, the military junta has refused to release official data on arbitrary detentions, nor published lists of those being released. The exact number and identification of prisoners must be publicly announced.
AAPP is now collecting and verifying data on those detainees being released. Therefore, we invite the public holding any further information about the release of survivors to contact the Assistance Association for Political Prisoners. We will continue to confirm the recently released after having verified.
Once again, we call on the military junta to immediately and unconditionally release all political prisoners, including Daw Aung San Suu Kyi and President U Win Myint. We request the international community’s support, to put pressure on the military junta and hold accountable the arbitrary detentions and all other inhumane acts.....အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်
အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံရေးနှင့်ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၁၃၁၆)ဦး၊ တရားရင်ဆိုင်နေရသူ (၄၃၂၀)ဦး၊ စုစုပေါင်း (၅၆၃၆) ကို လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းပြုချက်များအရ အောက်တိုဘာ ၂၅ အထိ အရေအတွက်အားဖြင့် (၄၀၆၅) ဦးမှာ လွတ်မြောက်လာခဲ့ပြီး ထိုအထဲမှ နာမည်နှင့်တကွ အတည်ပြုနိုင်သည့် လွတ်မြောက်သူ (၄၈၀) ဦး ရှိသည်။
စစ်အုပ်စုအနေဖြင့် ယခင်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံရသူများ၏ အချက်အလက်များကို တရားဝင် ထုတ်ပြန်လေ့မရှိသလို လွှတ်ပေးသည့်အခါတွင်လည်း မည်သူတို့ကို လွှတ်ပေးလိုက်သည်ဆိုသည့် စာရင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပေ။ ထိုကဲ့သို့ မတရားဖမ်းဆီးခံရသူများနှင့် ပြန်လည်လွှတ်ပေးခြင်းခံရသူများ၏ အချက် အလက်များကို အများပြည်သူ သိရှိနိုင်စေရန် အလို့ငှာ တရားဝင်တိတိကျကျ ထုတ်ပြန်ကြေညာရမည်ဖြစ်သည်။
ထို့ကြောင့် လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သလို လွတ်မြောက်လာသူ တစ်ဦးချင်းစီ၏ အချက်အလက်များအား စုဆောင်းအတည်ပြုမှုများကို AAPP အနေဖြင့် အချိန်ယူ၍ ဆက်လက်စိစစ်နေဆဲဖြစ်သည်။ သို့ဖြစ်ပါ၍ လွတ်မြောက်လာသူများ၏ အချက်အလက်များနှင့် ဖမ်းဆီးထိန်းသိမ်းခံ ရသူများ၏ အချက်အလက်များ ရရှိပါက မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းထံသို့ ပေးပို့ပေးရန်အတွက်လေးစားစွာဖြင့် မေတ္တာရပ်ခံလိုပါသည်။ အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားပါမည်။
လက်ရှိ အထိန်းသိမ်းခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားအားလုံးကို စစ်အုပ်စုအနေဖြင့် ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန်၊ နိုင်ငံတကာ အသိုင်း အဝိုင်းအနေဖြင့်လည်း တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံနေရသူများအရေးအပါအဝင် စစ်အုပ်စု၏ လူမဆန်သော လုပ်ရပ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး ပိုမိုဖိအားပေးဆောင်ရွက်ရန် မိမိတို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း..."
ရင်းမြစ်:
Assistance Association for Political Prisoners (AAPP)
Date of Publication:
2021-10-26
Date of entry:
2021-10-27
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
English, Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf pdf pdf
အရွယ်အစား:
166.96 KB 766.95 KB 359.69 KB
Resource Type:
text
Text quality:
- Good
Remote URL:
html (English version)
Remote URL:
html (Burmese version)
