National Unity Government: Weekly Press Release No.18/2021 - အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၈/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"1. The National Unity Government extends its gratitude towards the European Parliament that voted to support the National Unity Government (NUG) and the Committee Representing Pyidaungsu Hluttaw (CRPH) of the Republic of Union of Myanmar and France’s Senate, the Upper House of the French Parliament, that adopted unanimously the resolution to recognise the National Unity Government (NUG) as the official government of the Republic of Union of Myanmar. 2. The National Unity Government's Ministry of Finance, Planning and Investments advises that those who wish to contribute income tax are able to do so through ird.nugmm. net. All the relevant information relating to taxation can be found on the socialmedia page (https://www.facebook.com/IRDMOPFI) of the Inland Revenue Department of the Ministry of Finance, Planning and Investment. 3. The Republic of the Union of Myanmar’s Permanent Representative to the UN had been taking part in discussions in the Interactive Dialogue of the Third Committee at the 76th United Nations General Assembly held in New York. His intervention can be seen on Myanmar Mission’s social-media page: https://www.facebook.com/Mvanmarmisson. 4. People’s defensive operations are taking place throughout the country and their news updates can be seen on Ministry of Defence’s social-media webpage https://www.facebook.com/modNUG and the Ministry of Home Affairs and Immigratin’s social-media webpage https://www.facebook.com/mohaimvanmar. 5. The National Unity Government’s Ministry of Defence is collating data on those heroes who had valiantly joined battle and sadly lost their lives for the country. Their data can be safely entered in these forms: https://forms.gle/7NoT9SZuvcwJXa9v7.....ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၈/၂၀၂၁) ၁၆ အောက်တိုဘာလ ၂၀၂၁ခုနှစ် ၁။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ ( National Unity Government - NUG Myanmar ) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့အား ထောက်ခံအားပေးရေးအဆိုကို အတည်ပြုပေးခဲ့သည့် ဥရောပပါလီမန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည့် ပြင်သစ်အထက်လွှတ်တော်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးမှတ်တမ်း တင်အပ်ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ သို့ အခွန်ထမ်းဆောင်လိုသည့် ပြည်သူများအနေဖြင့် ird.nug-mm.net မှတဆင့် အခွန် ပေးဆောင်နိုင်ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက အသိပေးအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ၏ ပြည်တွင်းအခွန်များဦးစီးဌာန လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/IRDMOPFI တွင်လည်း အခွန်ဆောင်ခြင်းနှင့်ပတ်သက်သော သိရှိလိုသည်များကို လေ့လာနိုင်ပါသည်။ ၃။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘာသာရပ်ဆိုင်ရာ ကော်မတီအစည်းအဝေးများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အရေးကိစ္စများကို ဝင်ရောက်ဆွေးနွေးလျက်ရှိပြီး ဆွေးနွေးချက်များကို နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/Myanmarmisson တွင် ဖော်ပြထားပါသည်။ ၄။ ပြည်သူ့ခုခံစစ်များ နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိပြီး သတင်းအချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/modNUG နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/mohaimyanmar များတွင် နေ့စဉ်စုစည်းဖော်ပြလျက်ရှိပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲများအတွင်း ရဲရင့်စွာ တိုက်ပွဲဝင်သွားကြသော ကျဆုံးသူရဲကောင်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူလျက်ရှိပြီး ကျဆုံးတိုက်ပွဲဝင်သူရဲကောင်းများ၏ အချက်အလက်များကို အောက်ပါ Form တွင် ယုံကြည်စိတ်ချစွာ ဖြည့်စွက်နိုင်ပါသည်။ https://forms.gle/7NoT9SZuvcwJXa9y7..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2021-10-16

Date of entry: 

2021-10-16

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

English, Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf pdf

အရွယ်အစား: 

87.18 KB 334.97 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: