ဖော်ပြချက်/အကြောင်းအရာ:
"အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ
ဖွဲ့စည်းကြောင်း ကြေညာခြင်း
ကြေညာချက်အမှတ် (၆/၂၀၂၁)
၁၄ ရက်၊ အောက်တိုဘာလ၊ ၂၀၂၁ ခုနှစ်
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ အကြမ်းဖက်စစ်တပ်မှ နိုင်ငံတော်အာဏာအား အဓမ္မနည်းဖြင့် ရယူသိမ်းပိုက်ခဲ့ပြီးနောက် ပြည်သူ့တော်လှန်ရေး၏ မောင်းနှင်အားတစ်ခုဖြစ်သော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ( CIVIL DISOBEDIENCE MOVEMENT ) ဆောင်ရွက် နေကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲ ရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့မှ အောက်ပါလုပ်ငန်းတာဝန်များကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြီး “အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီ” အား ဖွဲ့စည်းလိုက်သည်။
(က) CDMဝန်ထမ်းများနှင့် ယင်းတို့၏ မိသားစုဝင်များအား ပြန်လည်စုစည်း၍ ဘေးကင်း လုံခြုံမှု ရှိစေရေး စီမံဆောင်ရွက်ရန်။
(ခ) CDMဝန်ထမ်းများနှင့် မိသားစုများအကြား ဖြစ်ပေါ်လာမည့် အခက်အခဲများကို ကူညီ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်။
(ဂ) CDM မပြုလုပ်ရသေးသောဝန်ထမ်းများအား CDM နှင့် Pre CDMများ ပြုလုပ်လာ စေပြီး မကြာမီ ကာလများတွင် အကောင်အထည်ဖော်မည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်သစ်တစ်ရပ် ပေါ်ပေါက်လာစေ ရေး အထောက်အပံ့ကောင်းဖြစ်စေရန်။
ပုံ
လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ..."
ရင်းမြစ်:
Ministry of Home Affairs and Immigration - Myanmar
Date of Publication:
2021-10-14
Date of entry:
2021-10-15
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
191.2 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
